Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2024

      စုံပဒက်သီးသည် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီကမ်းရိုးတန်းတလျှောက် မြိတ်၊ ထားဝယ်နှင့် မွန်ပြည်နယ်တို့တွင် ပေါများစွာ ထွက်ရှိသော အသီးတစ်မျိုးဖြစ်သည်။

      မွန်ပြည်နယ်မှထွက်ရှိသည့် စုံပဒက်သီးများသည် ဒေသမျိုးများဖြစ်၍ အသီး၏ အပြင်ပုံသဏ္ဍာန်အမွှာအရောင်မှာ ပိန္နဲသီးနှင့်ဆင်တူပြီး အသီးအရွယ်အစားမှာ အလုံးကြီး၍ အလုံးရှည်အသီးမျိုးဖြစ်သည်။ အနံ့အလွန်မွှေးပြီး ဒူးရင်းသီးအနံ့နှင့် ဆင်တူသော အသီးတစ်မျိုးဖြစ်သည်။

14 Jun 2024

    ဘီးလင်းမြို့နယ်၏ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ကြက်မောက်သီးများ ထွက်ရှိကာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။ ဘီးလင်းမြို့နယ် ဆင်စုကျေးရွာ၊ ကျောက်ရေတွင်းကျေးရွာတို့တွင် ကြက်မောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်။ ကြက်မောက်ပင်များကို စိုက်ပျိုးပြီး (၃) နှစ်ခန့်အကြာတွင် စတင် အသီးသီး၍ ခူးယူရရှိနိုင်ပြီး အခြားနှစ်ရှည်ပင်များထက် စိုက်ပျိုးစရိတ် အကုန်အကျ သက်သာပြီး အကြမ်းခံသော သီးနှံပင်မျိုးဖြစ်သောကြောင့် စိုက်ပျိုးရန်သင့်တော်ကြ

14 Jun 2024

     ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံထားမည်ဟု ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့ (စနေနေ့) တွင်ကြေညာခဲ့သည်။

14 Jun 2024

     တောင်ငူမြို့တွင် မိုးဦးကျကာလတွင် ပေါ်သော အင်ဥများကို လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။ အင်ဥများကိုလှီး၍ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နှင့် ကြော်ပြီး ထမင်းပူပူလေးနှင့် စားရသည်မှာ ထမင်းမြိန်လှပါသည်။

      အင်ဥဆိုသည်မှာ မိုးဦးကျကာလ မိုးရွာလိုက် နေပူလိုက်ဖြစ်နေချိန်တွင် အင်ရွက်အဆွေး များမှပေါက်သော မှိုတစ်မျိုးဖြစ်ပါသည်။ ပရိုတိန်းဓါတ်ကြွယ်ဝသော ကိုယ်ခံအားကောင်းစေသကဲ့သို့ ကြွက်သားများကိုလည်း သန်မာစေပါသည်။

14 Jun 2024

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုယ်စားလှယ်များအား စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား

Pages