ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စပါးနှင့် မတ်ပဲသီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားစိုက်ပျိူးကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇.၅သိန်းရှိပြီး ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း ကန်ကြီးထောင့်မြို့နယ်၊ လျှော်ကုန်းကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူတစ်ဉီး၏ ပြောကြားချက်အရသိရှိရပါသည်။

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့သည် စိုက်ပျိုးသီးနှံအဖြစ် ဆန်စပါးနှင့် မတ်ပဲကို ဦးစားပေးစိုက်ပျိုးသော မြို့ဖြစ်ပြီး မတ်ပဲကို နွေရာသီတွင် အဓိကထား စိုက်ပျိုးကြသည်။

၂၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၂၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-