ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက် ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပွင့်ဖြူမြို့နယ်၊ တောင်အင်းကျေးရွာ၌ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော “ဒို့ကျေးရွာ” ပဲကြော်လုပ်ငန်းရှင် ဦးချစ်မင်းဖြူနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ် လိုအပ်သည့်ပံ့ပိုးကူညီမှုများဆေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အမှတ် (၁၀) ရပ်ကွက်၊ ပတ္တမြားရပ်၊ လမ်းမတော်လမ်း၊ ချောက်မြို့မရဲစခန်းဝန်းရှေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ချောက်ခရိုင်၊ ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၏ကြီးကြပ်မှုဖြင့် ချောက်မြို့မရဲတပ်ဖွဲ့မှူး ဝင်းသန်း၊ ချောက်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းဆန်းနှင့် အရာရှိ/အရာခံ၊ အကြပ်/တပ်သားတပ်ဖွဲ့ဝင် အမျိုးသား

ယခုအခါတွင် မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် ရာသီတုတ်ကွေးရောဂါများ အများအပြားဖြစ်ပွားလျက်ရှိပါသည်။ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများ၏စျေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့ကိုနှိုင်းယှဉ်ပါက ဆေးဝါးစျေးနှုန်းများမှာ အတက်အကျရှိကြောင်းသိရှိရပါသည်။

၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်အတွင်းရှိ ပြည်သူများထံသို့ တန်ဖိုးသင့်အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
