ကုန်သွယ်မှုသတင်းများ
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၅၀၀ ကျပ်နှင့် အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၃၂၀၀ နှင့် ငစိန်တစ်ပြည် ၂၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်

မုတ်ကောင်များကိုရှာဖွေ၍မွေးမြူပြီး ပုလဲများထုတ်ယူရရှိသဖြင့် မွေးပုလဲဟုခေါ်ပါသည်။ ရေချိုကမာကောင်များမှ ရေချိုပုလဲကိုရရှိ၍ ရေငံမုတ်ကောင်များမှ ရေငံမွေးပုလဲကိုရရှိပါသည်။ မုတ်ကောင်များကို မျိုးပွားသားဖောက်၍ ပုလဲစုဆောင်းကြရပါသည်။ မွေးပုလဲသည် သဘာဝပုလဲထက် ပေါများလှပါသည်။ သို့သော် ပုံသဏ္ဌာန်အရွယ်အစားနှင့် အရောင်ပေါ်မူတည်၍ သဘာဝနီးပါး ဈေးကြီးလှပါသည်။ မွေးပုလဲတစ်လုံးရရှိရန် မုတ်ကောင်များကို ရှာဖွေစုဆောင်းရပြီး မုတ်ကောင်များ ၃နှစ်သားအရွယ်အထိ မွေးမြူထားပြီး အရွယ်ရောက်လာမှ ရွေးချယ်၍
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နှင့် ပန်ကန်းရပ်ကွက်ရှိ တော်ဝင်(၂) စက်သုံးဆီအရောင်းဆိုင်၊ ပြုံးပြုံးရွှင်စက်သုံးဆီအရောင်းဆိုင်နှင့် ကျော်လွင်စက်သုံးဆီအရောင်းဆိုင်များ၌ ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဈေးကွက်အတွင်း စဉ်ဆက်မပြတ် ရောင်းအားကောင်းလျက်ရှိသော ကြက်ဥကို ရှမ်းပြည်နယ်၊တောင်ကြီးနှင့် အင်းလေးဒေသမှ အများဆုံးတင်သွင်းရောင်းချကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တပတ်)တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးသေး တစ်လုံးလျှင် (၂၃၀)ကျပ်နှင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင်(၂၅၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ(စတုတ္တပတ်)နှင့် နှိုင်းယှဉ်လျှင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ဒေသကြက်ခြံထွက် ကြက်ဥများမှာလည်း ရောင်းအားကောင်းလျက်ရှိပြီး