ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင် ဈေးကွက်သို့ ပထမဆုံးအကြိမ် အဖြစ် ဆန်တန်ချိန် ၂၅၇၅ ခန့် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ Mr. Oknha Chan Sokheang က (၂၆-၆-၂၀၂၃) တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

ပြည်တွင်း၌ ဈေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန် ချိန်ညှိသည့် နည်းလမ်းတစ်ရပ်အဖြစ် ပြည်ပမှတင်သွင်းသော ပဲစင်းငုံများ အများအပြား ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာချိန်အထိ နိုင်ငံတော် အရန်ရိက္ခာထားရှိမှုမှ ပဲစင်းငုံများကို ရောင်းချပေးရန် အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၄.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်