ကမ္ဘောဒီးယားနိုင်ငံသည် ဖိလစ်ပိုင် ဈေးကွက်သို့ ပထမဆုံးအကြိမ် အဖြစ် ဆန်တန်ချိန် ၂၅၇၅ ခန့် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ Mr. Oknha Chan Sokheang က (၂၆-၆-၂၀၂၃) တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုဈေးကွက် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ကမ္ဘောဒီးယား ဆန်ဈေးကွက်ရှာဖွေရန် အမြဲကြိုးစားနေသည့် ခမာစားနပ်ရိက္ခာအဖွဲ့နှင့် တော်ဝင် အစိုးရ၏ ပထမဆုံးအကြိမ် အကြီးစားတင်ပို့မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Mr. Sokheng က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ လာရောက်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ အပါအဝင် အခြားနိုင်ငံများမှ အစိုးရအကြီးအကဲများနှင့် တွေ့ဆုံရာတွင် ကမ္ဘောဒီးယားဆန်များကို ပိုမိုဝယ်ယူပေးကြရန် ဝန်ကြီးချုပ်ဟွန်ဆန်က တောင်းဆိုခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အထူးသဖြင့် Green Trade ကုမ္ပဏီနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအပြင် ၎င်း၏ ကြိုးစားအားထုတ်မှုတို့အတွက် ဖိလစ်ပိုင်တွင် ဆန်ဈေးကွက်ဖွင့်လှစ်ရန် ဦးဆောင်ခဲ့သော ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Pan Sosak က ချီးကျူးဂုဏ်ပြုခဲ့ပြီး အခြားသော ဈေးကွက်ရှာဖွေမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Ms. Maria Amelita C Aquino ကလည်း ဆန်ကုန်သွယ်မှု တိုးတက်ခြင်းနှင့် အထူးသဖြင့် ဖိလစ်ပိုင်ဈေးကွက်သို့ ကမ္ဘောဒီးယားဆန် တင်ပို့နိုင်မှု ကို ချီးကျူးခဲ့သည်။ အခြားသော ဆန်တင်သွင်းသူများထံသို့ ကမ္ဘောဒီးယား၏ အလားအလာရှိသည့် ဆန်များကို မှာယူနိုင်ကြောင်း နမူနာအဖြစ် ပြသနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များနှင့်အတူ Khmer Food Group မှ အဆိုပါ ဆန်တင်ပို့မှုကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Source: The Hindu Business Line, 27 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)