Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Jul 2023

     ၂၀၂၃ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း နမ့်ဆန်မြို့ဈေးတွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၀၀၀) ကျပ်၊ လုံးသွယ်မွှေးတစ်ပြည်လျှင် (၅၀၀၀) ကျပ်၊ မဂျမ်းတောတစ်ပြည်လျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

05 Jul 2023

    ကန့်ဘလူမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့လေးတစ်ခုဖြစ်ပါသည်။ ကန့်ဘလူမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ လယ် ၊ ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။

05 Jul 2023

   စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ရွှေဘို၊ ကလေး၊ ကသာနှင့် ကန့်ဘလူခရိုင်များအနေဖြင့် ၂၀၂၃ခုနှစ်၊ မေလတွင် မန္တလေးတိုင်း‌ဒေသကြီးသို့ (၂၃၄၀၀၀)အိတ်၊ ရန်ကုန်တိုင်း ဒေသကြီးသို့ (၁၆၆၀၀၀)အိတ်၊ မ‌ကွေးတိုင်းဒေသကြီးသို့ (၃၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ (၁၆၀၀၀) အိတ်၊ ရှမ်း(မြောက်)သို့ (၁၆၀၀၀)အိတ်၊ နေပြည်တော်သို့ (၄၉၀၀၀)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၀၀၀) အိတ်၊ စုစုပေါင်း(၄၉၄၀၀၀)အိတ်၊ တန်အားဖြင့် (၂၄၇၀၀)စီးထွက်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မန္တလေး တိုင်း‌ဒေသကြီးသို့ (၁၀၃၆၈၀)အိတ်၊

04 Jul 2023

အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများ မြင့်တက်လာသည့်ကာလအတွင်း အိန္ဒိယအစိုးရအနေဖြင့် မကြာမီကျင်းပမည့် လေလံပထမအသုတ်တွင် စားသုံးသူအုပ်စုနှင့် ကုန်သည်များကို အရန်သိုလှောင်ထားသည်များအနက်မှ ဆန်တန်ချိန် ၅ သိန်းနှင့် ဂျုံတန်ချိန် ၄ သိန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းကျောင်းသည့် ဗဟိုအစိုးရ၏ ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း  Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

04 Jul 2023

ထိုင်းနိုင်ငံအနေဖြင့် ယခင်နှစ်ကပြည်ပသို့ ပီလောပီနံနှင့်ပီလောပီနံထုတ်ကုန် ၁၁ သန်းတင်ပို့ နိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးခေါင်မှုဒဏ်ကြောင့် အထွက်နှုန်းကျဆင်းကာ ပြည်ပသို့ ပီလောပီနံတန်ချိန် ၉ သန်းခန့်သာ တင်ပို့သွားနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

Pages