Main menu

အိန္ဒိယအစိုးရအနေဖြင့် ဈေးနှုန်းများကို ထိန်းကျောင်းရန် ဂျုံနှင့် ဆန်ကို ဈေးကွက်အတွင်း ရောင်းချ

Powered by Drupal

အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများ မြင့်တက်လာသည့်ကာလအတွင်း အိန္ဒိယအစိုးရအနေဖြင့် မကြာမီကျင်းပမည့် လေလံပထမအသုတ်တွင် စားသုံးသူအုပ်စုနှင့် ကုန်သည်များကို အရန်သိုလှောင်ထားသည်များအနက်မှ ဆန်တန်ချိန် ၅ သိန်းနှင့် ဂျုံတန်ချိန် ၄ သိန်းကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းကျောင်းသည့် ဗဟိုအစိုးရ၏ ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း  Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

အစိုးရအနေဖြင့် ပွင့်လင်းမြင်သာသော ဈေးကွက်အတွင်း ရောင်းချမှုအစီအစဉ် (OMMSS) ကို အိန္ဒိယ၏ စားသောက်ကုန်ဝယ်ယူဖြန့်ဖြူးရေးအေဂျင်စီဖြစ်သည့် FCI အနေဖြင့် စတင်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်းဖြင့် FCI က PTI သတင်းမီဒီယာသို့ ပြောကြားခဲ့သည်။

ဇွန် ၁၂ ရက်နေ့တွင် သိုလှောင်မှုကို စစ်ဆေးခြင်းနှင့် ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဂျုံလက်ကျန်ပမာဏကို ချက်ချင်း ကန့်သတ်ထားရှိခဲ့ကြောင်း၊ OMMSS နှင့်အညီ FCI ရှိ Central Pool သိုလှောင်ရုံမှ စားသုံးသူအုပ်စုနှင့် ကုန်သည်များကို ဂျုံတန်ချိန် ၁၅ သိန်းကို ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ဆန်ကို ရောင်းချမည်ဖြစ်သော်လည်း စုစုပေါင်းရောင်းချမည့်ပမာဏကို ဗဟိုအစိုးရက မသတ်မှတ်ခဲ့ကြောင်းဖြင့် သိရသည်။

ဂျုံလက်ကျန်ပမာဏကို ထိန်းသိမ်းနိုင်ရန် အစိုးရအနေဖြင့် လေလံပွဲတွင် ပါဝင်ခဲ့သူများတွက် ဂျုံ လက်ကျန်စောင့်ကြည့်ခြင်းစနစ်ဝင်ပေါက်နှင့်စပ်လျဉ်းသည့်ကြေညာချက်များကို လိုက်နာရမည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြေအနေခိုင်မာပါက OMSS အတွက် အသုံးပြုနိုင်မည့် ပိုလျှံသည့် ဂျုံတန်ချိန် ၈၇ သိန်းနှင့် ဆန်တန်ချိန် ၂၈၂ သိန်း ရှိပါကြောင်း၊ အမျိုးသား အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အက်ဥပဒေအရ လိုအပ်ချက်များကို ပြည့်စုံစေသည့်အပြင် ထပ်မံပိုလျှံမှု ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ၎င်းအစားအသောက်ဥပဒေအရ လူပေါင်းသန်း ၈၀၀ အတွက် စား သောက်ကုန်များ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ကျန်သန်းပေါင်း ၆၀၀ ကို သင့်လျော်သော ဈေးနှုန်းဖြင့် ဂျုံ၊ ဆန်တို့ ရရှိစေရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်လီဈေးနှုန်းများ လျှော့ချဖို့ လိုအပ်လာခဲ့ပါက ဂျုံသွင်းကုန်အခွန်များ လျှော့ချခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် FCI ၏ ဥက္ကဋ္ဌဖြစ်သူ Ashok K Meena က ပြောကြားခဲ့သည်။

လက်ရှိတွင် ဂျုံအပေါ် သွင်းကုန်အခွန်မှာ ၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခင်နှစ်က အစိုးရအနေ ဖြင့် ပြည်တွင်းရောင်းလိုအား မြှင့်တင်ရန်နှင့် ဈေးနှုန်းများကို ထိန်းချုပ်ရန် ဂျုံတင်သွင်းမှုကို တားမြစ်ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ်တွင် OMSS အသုံးပြုခဲ့မှုဖြင့် ဂျုံတန်ချိန် ၃၄ သိန်းကို ရောင်းချပေးနိုင်ခဲ့ကြောင်းဖြင့် သိရသည်။ ဇွန်လ ၁၂ ရက်နေ့က အစားအသောက်သမဂ္ဂ၏ ပြောကြားမှုတွင် ဂျုံအတွက် လက်ကျန်ပမာဏကန့်သတ်ရခြင်းမျာ မသမာသူများက လက်ကျန်ကို ထိန်းချုပ်ပြီး ရှားပါးအောင် ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်လတွင် ၈ ရာခိုင်နှုန်းခန့် ဈေးများ ကြီးမြင့်ခဲ့ရကြောင်းဖြင့် သိရသည်။

ဂျုံဈေးနှုန်းများမှာ ယခင်လက တစ်ကွင်တယ်လ်ယူနစ်လျှင် ရူပီးငွေ ၂၁၂၉ ရှိရာမှ ဇွန်လ ၇ ရက်နေ့ တွင် ရူပီးငွေ ၂၃၀၂ သို့ ကြီးမြင့်လာခဲ့ကြောင်း၊ ဂျုံကုန်သည်များ သို့မဟုတ် လက်ကား သမားများ အတွက် လက်ကျန်ထားရှိရမည့်ပမာဏမှာ တန်ချိန် ၃၀၀၀၊ လက်လီသမားများအတွက် ၁၀ တန်၊ လက်လီဆိုင်ကြီးများ၏ ဆိုင်ခွဲတစ်ခုစီလျှင် ၁၀ တန်နှင့် ၎င်းတို့၏ သိုလှောင်ရုံများအတွက် တန်ချိန် ၃၀၀၀ ဖြင့် ထားရှိရန် ကန့်သတ်ထားကြောင်း Economic Times သတင်းဌာနတွင် ဖော်ပြ ထားသည်။                                                              

Source: Economic Times, Jun 23, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)