
တောင်ကိုးရီးယားတွင် မွေးမြူထားသော ကျွဲနွားနှင့် ဝက်အရေအတွက်သည် တတိယ သုံးလပတ်တွင် ကျဆင်းသွားကြောင်း စာရင်းအင်းရုံးမှ အချက်အလက်များအရ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ပြည်တွင်းမွေးမြူရေးခြံများသည် ဇူလိုင်လမှစက်တင်ဘာလအတွင်း အမဲသားကောင်ရေ ၃၄၂၂၀၀၀ မွေးမြူခဲ့ပြီး ယခင်နှစ် အလားတူသုံးလပတ်ထက် ၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Statistics Korea မှ အချက်အလက်များအရ သိရသည်။
နိုင်ငံတွင်း မွေးမြူထားသော နို့စားနွားအရေအတွက်မှာ အကောင်ရေ ၃၇၂,၀၀၀ သို့ ၂.၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဝက်အကောင်ရေ ၁၁,၀၃၇,၀၀၀ သို့ ၁.၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဥစားကြက်များနှင့် အသားစားကြက်များအရေအတွက်သည် အကောင်ရေ ၈၁၀၈၃၀၀၀ နှင့် ၉၄၂၅၃၀၀ တို့အသီးသီးမြင့်တက်လာသော်လည်း ကိုးကားထားသော သုံးလပတ်တွင် ဘဲအရေအတွက် အကောင်ရေ ၉၁၉၀၀၀၀ သို့ ၀.၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)
