
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Bac Ninh ပြည်နယ်တွင် Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန်အတွက် ဗီယက်နမ် ဒေါင် ၁၉၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံခန့်) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ပြည်တွင်းမီဒီယာ VNExpress က သောကြာနေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် ဟက်တာ ၁၉၀၀ နီးပါးကို လွှမ်းခြုံမည်ဖြစ်ပြီး ပြေးလမ်းလေးခုနှင့် ၂၀၃၀ ခုနှစ်တွင် ခရီးသည် သန်း ၃၀ နှင့် ၂၀၅၀ တွင် သန်း ၅၀ ဆန့်မည့် ပြေးလမ်းလေးခုနှင့် ခရီးသည်တင်ဂိတ်တစ်ခုတို့ ပါဝင်မည်ဖြစ်ပြီး ကုန်တင်ကုန်ချနေရာများနှင့် ပြုပြင်ထိန်းသိမ်းရေး စင်တာများအပါအဝင် အထောက်အကူပစ္စည်းများလည်းပါဝင်ကြောင် သိရသည်။
အစီရင်ခံစာအရ Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဗီယက်နမ် မြောက်ပိုင်းအတွက် အဓိက နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ဗဟိုအချက်အချာအဖြစ် ဆောင်ရွက်ဖွယ်ရှိကြောင်း သိရသည်။ Gia Binh အပြည်ပြည်ဆိုင်ရာလေဆိပ်ကို Bac Ninh ပြည်နယ်တွင် သြဂုတ် ၁၉ ရက်က တရားဝင်စတင် တည်ဆောက်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီမှ ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
Source: Xinhua
DOCA (ရန်ကုန်)
