Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 May 2022

             ယခုအချိန်ရာသီကာလသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့ ကြက်မောက်သီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါကြက်မောက်သီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို ၊ဘီးလင်း၊ သထုံ ၊ မော်လမြိုင်မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။

25 May 2022

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ၊ ပြည်မြို့နယ်တွင် နွေစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင်နွေစပါးစိုက်ဧကပေါင်း ၆၁၂၂၂ ဧက စိုက်ပျိုးပြီး ဆည်ရေရရှိသောမြို့နယ်များမှသာ နွေစပါးကိုစိုက်ပျိုးနိုင်သော်လည်း ပြည်မြို့နယ်တွင် နွေစပါးကို(၁၅၄၅၄)    ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ပြည်ခရိုင် (၆)မြို့နယ်တွင် အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ရတနာတိုးစပါး၊ ရက်(၁၀၀)စပါး၊ ထိုင်းနှံကောက်စပါးမျိုးတို့ဖြစ်ပြီး  ပြည်မြို့နယ်အတွင်း

25 May 2022

       ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက် အဓိကအစာကုန်ကြမ်းဖြစ်သည့် ဖွဲနု(Rice Bran) ဈေးနှုန်းသည် ယခုနှစ်အတွင်း၌ မြင့်တက်လျှက်ရှိကြောင်း သိရှိရသည်။ စပါးဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုသည် ယခင်နှစ်တွင် တစ်ပေါင်လျှင်(၁၀၅-၁၁၀)ကျပ် တစ်အိတ်(ပေါင်၇၀)လျှင် (၇၃၀၀-၇၇၀၀)ကျပ် သာရှိကြောင်း လက်ရှိအချိန်တွင် တစ်ပေါင်လျှင် (၁၉၅-၂၀၀) ကျပ် တစ်အိတ်(ပေါင်၇၀) လျှင် (၁၃၀၀၀-၁၄၀၀၀) ကျပ် အထိ ရှိနေပြီး ဖွဲနုကုန်ကြမ်း အခြေခံပြီးကျွေးသည့် မွေးမြူရေးလုပ်ငန်းများတွင် အခက်အခဲများရှိကြောင်း သိရသည်။

25 May 2022

             ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်  ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ကို ခရီးသွားပြည်သူများအနေဖြင့် လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိ

24 May 2022

             ယခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့သည့် ဆောင်းမြေပဲများမှာ ယခုတစ်ပတ်အတွင်းမုံရွာ ဈေးကွက်သို့ နယ်အဝင်များခဲ့သလို အရောင်းအဝယ်လည်းဖြစ်ခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ မေလဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံသို့ စားအုန်းဆီ အဓိကတင်သွင်းနေသည့် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပြတ်လပ်မှုကို လျော့ချရန်နှင့် ဈေးနှုန်းများထိန်းထားနိုင်ရန်အတွက် ပြည်ပနိုင်ငံများသို့ စားအုန်းဆီတင်ပို့ရောင်းချမှုအား ရပ်ဆိုင်းခဲ့ပြီးနောက် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာသည့်နှင့် အမျှဒေ

Pages