Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Feb 2023

        ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်အဟောင်း (၃၀၀၀) ကျပ်နှင့် ဧရာမင်းဆန် တစ်ပြည်အသစ်(၂၈၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၆၄၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင် (၆၅၀၀)

08 Feb 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ နိုဝင်ဘာလဆန်းမှစ၍ မိုးကြက်သွန်နီများ စတင်တူးဖော်နေပြီဖြစ်ကြောင်း၊ နှစ်စဉ် စိုက်ဧကမှာ (၁၅၀၀)ဧကမှ (၂၀၀၀)ဧကခန့်အထိစိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ဧက (၂၀၀၀) စိုက်ပျိုးပြီး တစ်ဧကလျှင် ပျမ်းမျှပိဿာချိန် (၃၀၀၀)ပိဿာမှ (၄၀၀၀) ပိဿာအထိထွက်ရှိကြောင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံနှင့် တောင်ပလူကျေးရွာများတွင် ကြက်သွန်နီသီးနှံကို ဒေသစီးပွားအဖြစ် အဓိကစိုက်ပျိုးကြောင်းသိရပါသည်။    

08 Feb 2023

   မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ ဈေးတက်လျက်ရှိပါကြောင်း သိရပါသည်။

08 Feb 2023

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လ)အထိ  လယ်ယာထွက်ကုန် ပြည်ပတင်ပို့နိုင်မည့်ခန့်မှန်းလျာထားစာရင်း နှင့် လယ်ယာထွက်ကုန်သီးနှံများ၏  ပြည်ပတင်ပို့နိုင်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပတင်ပို့နိုင်မည့် ခန့်မှန်းစာရင်းအား အောက်ပါ PDF ဖိုင်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

 

08 Feb 2023

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီ အရောင်းဆိုင်များမှ သိရသည်။

Pages