Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Feb 2023

        ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ လင်ဖုံလေးကျေးရွာ၊ မှုံပြာကျေးရွာတို့တွင် ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ တစ်ပိဿာလျှင်(၂၈၀၀)ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိပါကြောင်း ဟင်းသီးဟင်းရွက်ရောင်းဝယ် သူတစ်ဦးထံမှ သိရှိရပါသည်။

09 Feb 2023

         ကယားပြည်နယ် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသီးနှံကိုလည်းစိုက်ပျိုးကြရာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း လွိုင်ကော်ခရိုင်တွင် ကြက်သွန်နီစိုက်ဧကမှာ (၁၈၄၉)ဧကခန့်ရှိပြီး ရိတ်သိမ်းမှု မရှိသေးပါကြောင်း၊ ဘောလခဲခရိုင်တွင် ကြက်သွန်နီစိုက်ဧကမှာ(၂၀၅)ဧကခန့်၊ ရိတ်ဧကမှာ (၁၂၀)ဧကခန့်၊ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၄၅၀)ပိဿာခန့်ထွက်ရှိပါကြောင်း သက်ဆိုင်ရာ ဌာနမှသိရှိရပါသည်။

09 Feb 2023

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် စားသုံးဆီလက်လီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ် နှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

08 Feb 2023

            တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

08 Feb 2023

          တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages