ကယားပြည်နယ် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသီးနှံကိုလည်းစိုက်ပျိုးကြရာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း လွိုင်ကော်ခရိုင်တွင် ကြက်သွန်နီစိုက်ဧကမှာ (၁၈၄၉)ဧကခန့်ရှိပြီး ရိတ်သိမ်းမှု မရှိသေးပါကြောင်း၊ ဘောလခဲခရိုင်တွင် ကြက်သွန်နီစိုက်ဧကမှာ(၂၀၅)ဧကခန့်၊ ရိတ်ဧကမှာ (၁၂၀)ဧကခန့်၊ တစ်ဧကအထွက်နှုန်းအနေဖြင့်(၁၄၅၀)ပိဿာခန့်ထွက်ရှိပါကြောင်း သက်ဆိုင်ရာ ဌာနမှသိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသောကြက်သွန်နီဈေးနှုန်းမှာ အခြားဒေသများမှတင်သွင်းလာသော ကြက်သွန်နီတစ်ပိဿာလျှင်(၂၇၀၀)ကျပ်ခန့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်နီတစ်ပိဿာလျှင် (၅၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းလျှက်ရှိပါကြောင်း ကြက်သွန်နီရောင်းဝယ်သူတစ်ဦးထံမှသိရှိရ ပါသည်။
DOCA(ကယား)