ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၅၂) ဧကသာ စိုက်ပျိုးကြသဖြင့် ဆန်ဖူလုံမှုမရှိ၍ စပါးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၃၂_0.jpg?itok=yl07uaA7)
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇန်နဝါရီလ(စတုတ္ထ)ပတ်အတွင်း မိုးကြက်သွန်နီ(အသစ်)များ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီကုန်ချိန် ပိဿာ(၅)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ကသာခရိုင်တွင် စိုက်ပျိုးသည့်ပဲသီးနှံများထဲ၌ မြေပဲသည် အများဆုံးစိုက်ပျိူးသော ပဲအမျိုးအစားဖြစ်ပြီး မြေထောက်ပဲသီးနှံမှာ ဒုတိယအများဆုံးစိုက်ပျိုးသောသီးနှံဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မြေထောက်ပဲစိုက်ဧက (၄၀၅၉၁)ဧကရှိပြီး မြေထောက်ပဲသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြောင်းသိရပါသည်။ ယခုနှစ်၌ မြေထောက်ပဲစတင်ပေါ်ချိန်သည် ဈေးကောင်းရရှိသောအချိန်ဖြစ်ပြီး ဈေးကွက်များသို့ စတင်တင်ပို့လျက်ရှိကြောင်းသိရပါသ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၃၁_0.jpg?itok=9GmA2YbM)
တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (RFDA)၊ မြန်မာနှမ်းစိုက် တောင်သူများအသင်း (Mysfa)နှင့် စိမ်းလန်းစိုပြေအညာမြေအဖွဲ့(GEUL)တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ပဲစဉ်းငုံသီးနှံ စုပေါင်းရောင်းချပွဲကို ရေနံချောင်းမြို့ စက်မှုဇုန်ရှိ (New One)စက်ရုံတွင် ရေနံချောင်းစင်တာ(၁)ခုနှင့် မကွေးမြို့၊ ကံလှ ကျေးရွာရှိ (GBS) စက်ရုံတွင် မကွေးစင်တာ(၁)ခု စုစုပေါင်းစင်တာ(၂)ခုခွဲ၍ ဖွင့်လှစ်ဝယ်ယူခဲ့ပါသည်။