တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (RFDA)၊ မြန်မာနှမ်းစိုက် တောင်သူများအသင်း (Mysfa)နှင့် စိမ်းလန်းစိုပြေအညာမြေအဖွဲ့(GEUL)တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ပဲစဉ်းငုံသီးနှံ စုပေါင်းရောင်းချပွဲကို ရေနံချောင်းမြို့ စက်မှုဇုန်ရှိ (New One)စက်ရုံတွင် ရေနံချောင်းစင်တာ(၁)ခုနှင့် မကွေးမြို့၊ ကံလှ ကျေးရွာရှိ (GBS) စက်ရုံတွင် မကွေးစင်တာ(၁)ခု စုစုပေါင်းစင်တာ(၂)ခုခွဲ၍ ဖွင့်လှစ်ဝယ်ယူခဲ့ပါသည်။
ရေနံချောင်းစင်တာအား (၁၂.၁၂.၂၀၂၂)ရက်နေ့မှ (၂၀.၁.၂၀၂၃)ရက်နေ့ အထိ ဖွင့်လှစ် ဝယ်ယူခဲ့ရာ ပဲစဉ်းငုံသီးနှံ(၁၈၈၂)တန်နှင့် မကွေးစင်တာအား (၁၅.၁၂.၂၀၂၂)ရက်နေ့မှ (၂၄.၁.၂၀၂၃)ရက်နေ့ အထိ ဖွင့်လှစ်ဝယ်ယူခဲ့ရာ ပဲစဉ်းငုံသီးနှံ(၂၅၇.၄၂)တန် စုစုပေါင်းစင်တာ(၂)ခုပေါင်းအနေဖြင့် (၂၁၃၉.၄၂) တန် ဝယ်ယူရရှိခဲ့ကြောင်းနှင့် ဝယ်ယူပြီး ပဲစဉ်းငုံသီးနှံများကို ရေနံချောင်းမြို့နှင့် မကွေးမြို့မှ ရန်ကုန်မြို့သို့ တင်ပို့ကြောင်း သိရှိရပါသည်။
ပဲစဉ်းငုံသီးနှံစုပေါင်းရောင်းချပွဲကို မကွေး၊ မင်းဘူး၊ မြို့သစ်၊ ရေနံချောင်း၊ ချောက်မြို့နယ်များရှိ ကျေးရွာပေါင်း (၁၅၀)မှ တောင်သူများက လာရောက်ရောင်းချခဲ့ကြောင်းနှင့် (၁၂.၁၂.၂၀၂၂)ရက်နေ့ တွင် ပဲစဉ်းငုံ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၅၃၈၀၀)ဖြင့် စတင်ဝယ်ယူခဲ့ပြီး (၂၄.၁.၂၀၂၃)ရက်နေ့ တွင် ပဲစဉ်းငုံ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၇၂၀၀)ဖြင့် ဝယ်ယူခဲ့သဖြင့် စတင်ဖွင့်လှစ်ဝယ်ယူ စျေးမှတဖြေးဖြေး စျေးနှုန်းမြင့်လာခဲ့ရာ ပဲစဉ်းငုံ(၂၀)ပိဿာ တစ်တင်းလျှင် ကျပ်(၃၄၀၀)ထိ စျေးနှုန်း မြင့်တက်ရရှိလာကြောင်း တောင်သူများထံမှ သိရှိရပါသည်။
DOCA(မကွေး)