Main menu

စားသုံးဆီဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

        ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်တွင် စားသုံးဆီလက်လီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ် နှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း စားသုံးဆီလက်လီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာ လျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ် နှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ စတုတ္ထပတ်နှင့် ယခုဖေဖော်ဝါရီ လပထမပတ်ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ပဲဆီ တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် အနည်းငယ်မြင့်တက်နေပြီး နှမ်းဆီနှင့် နေကြာဆီ ဈေးနှုန်းမှာတည်ငြိမ်လျက်ရှိသည်ဟု စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)