ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၂၃.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
မိုးဦးကာလ ရောက်ရှိလာပြီဖြစ်သဖြင့် မွန်ပြည်နယ်ရှိ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။ယခင်နှစ်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧကများလျာထားချက် (၆၉၁၉၆၆)ဧကအပေါ် (၆၉၅၆၁၀)စိုက်ပျိုးနိုင်ခဲ့ပြီး( ၄၄၂၄၉၁၆၇)တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါး (၆၉၁၉၆၆) ဧက စိုက်ပျိုးရန်လျာထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
ယခုနှစ်နှောင်းပိုင်း စပါးရိတ်သိမ်းကာလတွင် အယ်လ်နီညို၏ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်သောလယ်သမားများအသင်းချုပ် (Federation of Free Farmers - FFF) က ပြောဆိုပါသည်။
