ကုန်သွယ်မှုသတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှုကို မကြာမီခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Wahida Akhtar က ပြောဆိုပါသည်။
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်ပင်လယ်၌ ဆောင်ရွက်လျက်ရှိသော မာလမ်ပါယာသဘာဝဓါတ်ငွေ့တွင်း (Malampaya gas field) လုပ်ငန်းစီမံကိန်းရှိ ဝန်ဆောင်မှုလုပ်ငန်း စာချုပ်အမှတ် ၃၈ (SC 38) အား ၁၅-၅-၂၀၂၃ နေ့တွင် ဖိလစ်ပိုင်အစိုးရ က သက်တမ်း ၁၅ နှစ် တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးရန် လိုအပ်ချက်အပေါ် ပြည့်မီမှုမရှိသဖြင့် ၃ နှစ်တာကာလအတွင်း သတ်မှတ်ထားရှိသော ပြည်နယ်အချို့၌ စိုက်ပျိုးထုတ်လုပ်မှုကို နှစ်စဉ်မြှင့်တင်လျက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖူလုံမှုရရှိအောင် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရှိ သတင်းအရင်းအမြစ်များအရ သိရှိရသည်။

၂၀၂၃ ခုနှစ်၊ မေလ(တတိယအပတ်)အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ် (ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ)၊ ဧရာမင်း(အသစ်)တစ်ပြည် (၃၅၀၀) ကျပ်၊ ကြက်သွန်နီ (မြစ်သား) အမျိုးအစား (အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၂၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၂၃၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၂၀၀၀) ကျပ် (ယခင်အပတ်အတိုင်း တည်ငြိမ်)၊ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)အလုံးကြီး တစ်ပိသာ (၇၀၀၀) ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးသေး တစ်ပိသာ (၆၅၀၀) ကျပ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်” ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ မေလ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့ အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တ
