Main menu

ကန့်ဘလူမြို့၏ မေလ၊ တတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်” ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ မေလ(တတိယပတ်)အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့ အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယား အကောင်သေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအူတုံတစ်ပိဿာလျှင် (၈၅၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ငါးဈေးနှုန်းများအား ယခင်မေလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ငါးမုတ်အကောင်လိုက် တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးမြင်း အကောင်လိုက်တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး ငါးဘတ် အကောင်လိုက်တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၅၀၀)ကျပ်နှင့် ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဈေးနှုန်းကျဆင်း၍ အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

 DOCA (စစ်ကိုင်း)