ကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးရှိ သစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ဆောင်းမြေပဲနုတ်သိမ်းချိန် မေလမှစ၍ ပုရစ်များ လှိုင်လှိုင်ပေါပြီး ဒေသတွင်းနှင့် မြို့နယ်အသီးသီးရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုရစ်အင်းဆက်ကောင်များသည် ကသာခရိုင် တွင် တစ်နှစ် (၂)ကြိမ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး မေလတွင် ပေါ်သော ပုရစ်များကို နွေပုရစ်၊ ပဲပုရစ်ဟုခေါ်၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်ပေါ်သော ပုရစ်ကို ဆောင်းပုရစ်ဟူ၍ ခေါ်ကြသည်။

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ်၊ မေလ (တတိယပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၉၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၂၅၀၀၊ တန်အားဖြင့် ၅၁၂၅ တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသိ

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊ မေလ(တတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ပန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ မေလ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊ ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၁၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၈၇၀၀ဝိ/-) ကျပ်ရှိကြောင်း၊ ယခင်အပတ်၌ ရွှေဘိုပေါ်ဆန်း စပါးတင်
