ကုန်သွယ်မှုသတင်းများ
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ရာ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ်၊ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ၊ ဧရာမင်း(အသစ်)တစ်ပြည် (၃၅၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား (အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၂၈၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၂၃၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၂၀၀၀) ကျပ် ယခင် မေလ ပထမအပတ်ထက် တစ်ပိသာလျှင် (၈၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမ
၂၀၂၃ခုနှစ်၊ မေလ တတိယအပတ်တွင် လွိုင်ကော်မြို့ရှိ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်(၄၉၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်(၃၈၀၀)ကျပ်၊ ငစိန်ဆန်တစ်ပြည် (၂၉၀၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး မြေပဲဆီတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ စားအုံးဆီ တစ်ပိဿာလျှင်(၈၈၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင်(၁၄၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါး မျိုးစုံရောင်းချလျက်ရှိပြီး မေလ၊ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများ မှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး
ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။