Main menu

ကယားပြည်နယ် အခြေခံစားကုန်ဈေးနှုန်း

Powered by Drupal

         ၂၀၂၃ခုနှစ်၊ မေလ တတိယအပတ်တွင် လွိုင်ကော်မြို့ရှိ အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်း တစ်ပြည်(၄၉၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်(၃၈၀၀)ကျပ်၊ ငစိန်ဆန်တစ်ပြည် (၂၉၀၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး မြေပဲဆီတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ စားအုံးဆီ တစ်ပိဿာလျှင်(၈၈၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင်(၁၄၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။

         စာဖိုဆောင်သီးနှံအနေဖြင့် ငရုတ်သီးခြောက်  တစ်ပိဿာလျင် (၃၀၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၄၅၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင် (၇၅၀၀)ကျပ် ၊ ကုလားပဲဝါ တစ်ပိဿာလျှင် (၅၈၀၀)ကျပ် ၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိပါသည်။

        ကြက်သား (CP) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ၊ ကြက်သား (ဒေသ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ် ၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင်(၁၀၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး(၂၅၀)ကျပ်၊ ဘဲဉတစ်လုံး (၃၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်း ရောင်းချနေသော ဈေးသည်များထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ကယား)