Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2023

         အညာဒေသ မုံရွာမြို့နယ်တွင် ထန်းသီးများမှာ မြို့နယ်အတွင်းရှိကျေးရွာများမှ ဝင်ရောက်ကြောင်း၊ တစ်နေ့လျှင် ထန်းသီး (၅၀၀) လုံးနီးပါးရောင်းရကြောင်း၊ ထန်းသီးတစ်လုံးလျှင် (၂၀၀) ကျပ် မှ (၂၅၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း ရာသီပေါ်အသီးဖြစ်သောကြောင့် ထန်းသီးများ အရောင်းအဝယ်သွက်ကြောင်း ထန်းသီးရောင်းချသူများထံမှ သိရှိရပါသည်။ 

19 May 2023

              ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ်၊ မေလ ‌ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိနေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ မေလ ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၁၂၀၀၀၊ တန်အားဖြင့် ၅၆၀၀တန် စီးထွက်ခဲ့ပါသည်။ယခုမေလ ဒုတိယပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီ

18 May 2023

     ၁၈.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသ

18 May 2023

   မုံရွာမြို့နယ်၏ သရက်စိုက်ပျိုးဒေသများဖြစ်သော မုံရွေး၊ ကြေးမုံ၊  ကြီးအုပ်၊ ခတ္တကန်၊ ဆည်ကြီးတော၊ သစ်ညိုပင်ရွာများတွင် ဧပြီလနောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများ စတင်ထွက်ရှိပြီး မုံရွာမြို့၊ ကန်သာယာဈေး၊ သီရိရတနာဈေးနှင့် မြသလ္လာဈေး အစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။

18 May 2023

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

Pages