Main menu

မုံရွာမြို့နယ်တွင် စိန်တစ်လုံးသရက်များစတင်ထွက်ရှိ

Powered by Drupal

   မုံရွာမြို့နယ်၏ သရက်စိုက်ပျိုးဒေသများဖြစ်သော မုံရွေး၊ ကြေးမုံ၊  ကြီးအုပ်၊ ခတ္တကန်၊ ဆည်ကြီးတော၊ သစ်ညိုပင်ရွာများတွင် ဧပြီလနောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများ စတင်ထွက်ရှိပြီး မုံရွာမြို့၊ ကန်သာယာဈေး၊ သီရိရတနာဈေးနှင့် မြသလ္လာဈေး အစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။

    စိန်တစ်လုံးသရက်သီးဈေးနှုန်းများအနေဖြင့် အလုံးအကြီး/အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိရောင်းချမှုရှိကြောင်း သိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလတွင် သရက်သီး တစ်လုံးလျှင် (၇၀၀-၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ စိန်တစ်လုံးသရက်သီး အမှည့်မှာ အသားနူးညံ့ကာ အနှစ်ထူပြီး အမျှင်ကင်း၍ အနံ့အရသာချိုမွှေးသည့်အတွက် စားသုံးသူ အကြိုက်များကာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)