Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2023

      ဒူးရင်းသီးလို့ ကြားလိုက်သည်နှင့် စားချင်သောသူများရှိသလို အနံ့ပင်မခံနိုင်သောသူများ လည်းရှိပါသည်။ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရာသီချိန်အလိုက် ကျောက်ကြီးဒေသထွက် ဒူးရင်းသီးများ ရောင်းချလျက်ရှိပါသည်။ ဒေသခံများသာမက ခရီးသွားပြည်သူများလည်း ဒူးရင်းသီး ဆိုင်ရှေ့ရောက်လျှင် ကားရပ်ကာ ဆင်းဝယ်ကြသည်ကို တွေ့ရပါသည်။ ပေါ်ဦးပေါ်ဖျားတွင် ဒူးရင်းသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်မှ (၁၃၀၀၀)ကျပ်အထိ အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးအစားစားရှိပါသည်။

19 May 2023

      ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်တွင် ပခုက္ကူမြို့နယ်အပြင် ပုလဲ၊ တောင်သာ၊ ညောင်ဦးနှင့် မြင်းခြံနယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

19 May 2023

     နတ်တလင်းခရိုင် ၊ ပေါင်းတည်မြို့နယ် ကုန်စည်ဒိုင်တွင် မတ်ပဲဈေးကောင်းလာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)အတွင်း မတ်ပဲတစ်တင်းပိဿာ (၂၀)တင်းလျှင် (၆၆၀၀၀ မှ ၆၇၀၀၀) ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက်လျှင် အိတ်(၁၅၀ မှ ၂၀၀)ခန့် ရန်ကုန်မှ အဝယ်ရှိခဲ့ပါသည်။ ဧပြီလ(တတိယပတ်)နှင့် နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၆၇၀၀၀ မှ ၆၇၅၀၀)ကျပ်ဖြစ်ပြီး တစ်ရက်လျှင် အိတ် (၁၀၀ မှ ၁၅၀ )ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

19 May 2023

      ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှစိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၇၆၆၀၀-၇၆၈၀၀-၇၇၈၀၀)၊ ကုလားပဲဝါလုံးကြီး(929)တစ်တင်းလျှင် ကျပ်(၇၁၇၀၀-၇၂၁၀၀)၊ ကုလားပဲဝါ(HL)တစ်တင်းလျှင် ကျပ်(၇၀၅၀၀-၇၁၀၀၀-၇၁၁၀၀)၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် ကျပ်(၆၆၁၀၀-၆၆၂၀၀- ၆၇၁၀၀)၊  ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၄၁၆၀၀-၄၂၀၀၀-၄၂၁၀၀)၊ စွန်တာ

19 May 2023

     ပခုက္ကူကုန်စည်ဒိုင်၌ ၂၀၂၃ုခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၇၂၀၀)ဖြင့် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယအပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၇၉၃၀၀)ဖြစ်၍ ကျပ်(၂၁၀၀)ဈေးမြင့်တက်ခဲ့ပြီး တစ်ရက်ကို အိတ်(၁၃၀)ခန့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ခဲ့ပါသည်။

Pages