Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် သီးနှံမျိုးစုံအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

      ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှစိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၇၆၆၀၀-၇၆၈၀၀-၇၇၈၀၀)၊ ကုလားပဲဝါလုံးကြီး(929)တစ်တင်းလျှင် ကျပ်(၇၁၇၀၀-၇၂၁၀၀)၊ ကုလားပဲဝါ(HL)တစ်တင်းလျှင် ကျပ်(၇၀၅၀၀-၇၁၀၀၀-၇၁၁၀၀)၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် ကျပ်(၆၆၁၀၀-၆၆၂၀၀- ၆၇၁၀၀)၊  ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၄၁၆၀၀-၄၂၀၀၀-၄၂၁၀၀)၊ စွန်တာနီတစ်တင်းလျှင် ကျပ်(၄၄၇၀၀)၊ ပြောင်းဖူးစေ့(CP)တစ်တင်းလျှင် ကျပ်(၂၀၀၀၀- ၂၀၂၀၀-၂၀၄၀၀)နှင့် မန်ကျည်းတောင့်တစ်ပိဿာ လျှင် ကျပ်(၉၅၀-၉၆၀-၉၇၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။

      မေလ(ဒုတိယပတ်)၏ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစင်းငုံနီ (၂၅၀) အိတ်၊ ကုလားပဲ ဝါလုံးကြီး (929) (၃၅၀) အိတ်၊ ကုလားပဲဝါ (HL) (၃၀၀) အိတ်၊ ပဲတီစိမ်းကြီး (၇၅၀) အိတ်၊  ပဲဇီးကွက် (၄၀၀) အိတ်၊ စွန်တာနီ (၄၅၀) အိတ်၊ ပြောင်းဖူးစေ့(CP) (၅၀၀) အိတ်နှင့် မန်ကျည်းတောင့်ကုန်ချိန် (၁၅၀၀၀) အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)