ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ ခုနှစ်၊ မေလ ဒုတိယပတ်တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိနေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ မေလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၈၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၆၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၁၂၀၀၀၊ တန်အားဖြင့် ၅၆၀၀တန် စီးထွက်ခဲ့ပါသည်။ယခုမေလ ဒုတိယပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊မန္တလေးသို့ အိတ်ရေ ၄၄၉၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၈၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၂၅၀၀၊ တန်အားဖြင့် ၅၁၂၅တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၉၅၀၀၊ တန်အားဖြင့် ၄၇၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၂၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၉၀၀၀၀ ၊ ဧရာမင်း စပါး တင်း၁၀၀လျင် ကျပ် ၁၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)