Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
10 May 2023

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသဖြစ်သော်လည်း မြေဆီလွှာကောင်းမွန်သောကြောင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနှင့်အခြားသောဆေးဖက်ဝင် အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည်။ ၎င်းတို့အနက် သခွပ်ပင်မှ သခွပ်ပွင့်သည် အညာဒေသများတွင် အလေ့ကျပေါက်ရောက်၍ အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သည့် ရာသီစာစားသုံးလေ့ရှိကြသော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။

10 May 2023

       သရက်မြို့ရှိ အခွန်လွတ်ဈေးသည် စည်ပင်သာယာဈေး၌ရောင်းချလျက်ရှိသည့် စားဖိုဆောင်သီးနှံ၊ အသား၊ ငါးနှင့် အခြားသော ဟင်းသီးဟင်းရွက်များအား တစ်ဆင့်ခံရောင်းချသောဈေးဖြစ်ပါသည်။ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ကြက်သွန်ဖြူ၊ အာလူးတို့မှာလည်း ရှမ်းပြည်နယ် ကလောမြို့ နှင့်အောင်ပန်းမြို့တို့မှ တစ်ဆင့်ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ငရုတ်သီးအစို/ အခြောက်တို့မှာ သရက်မြို့ အနီးရှိ ကျေးရွာများဖြစ်သော စမ်းအိုင့်ရွာ၊ ကိုးပင်ရွာနှင့် အခြားစားသောက်ကုန်များကို အောင်လံမြို့နှင့် ပြည်မြို့တို့မှ အမ

10 May 2023

      နှင်းဆီပန်းသည် ပန်းမန်စိုက်ပျိုးရေးတွင် လူကြိုက်များသော ပန်းအမျိုးအစားဖြစ်ပြီး အခြားပန်းများနှင့်မတူဘဲ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါသည်။ နှင်းဆီပန်းသည် အရောင် အဆင်းစုံလင်ခြင်း၊ ရနံ့သင်းပျံ့ခြင်း၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိခြင်း စသောအချက်များကြောင့် အလှစိုက်ပန်းပင်အဖြစ်လည်းကောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအဖြစ်လည်းကောင်း၊ စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါသည်။ နှင်းဆီပန်းကို စိုက်ပျိုးရာတွင်လည်း မြေအမျိုး အစားမရွေး စိုက်ပျိုးနိုင်ပြီး ကုန်က

10 May 2023

   ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သဲတန်းကျေးရွာရှိ မတ်ပဲပွဲရုံပိုင်ရှင် ဦးမောင်ဝင်းနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

10 May 2023

      ၂၀၂၃ ခုနှစ် မေလ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် (၄၅၀၀) ကျပ်၊ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိ၊ ဧရာမင်း(အသစ်)တစ်ပြည် (၃၅၀၀) ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား (အသစ်) လက်လီဈေးမှာ (အကြီး)တစ်ပိသာ (၂၂၀၀) ကျပ် ၊ (အလတ်) တစ်ပိသာ (၂၀၀၀) ကျပ် ၊ (အသေး)တစ်ပိသာ (၁၈၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၆၅၀၀) ကျပ် ကြက်သွန်ဖြူ လ

Pages