Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 May 2023

     စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

11 May 2023

     ကသာခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းမြေပဲစိုက်ပျိုးဧက (၈၆၁၁၃)ဧကရှိကာ ဆောင်းမြေပဲ ကို နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတွင် နုတ်သိမ်းကြ သည်။ ယခုနှစ် ဆောင်းမြေပဲပေါ်ချိန် ဒေသပေါက်ဈေး အတောင့်တစ်တင်း (၁၃၅၀၀)ကျပ်ရှိသော ကြောင့် ပဲတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

11 May 2023

     သံပရာသီးသည် ကျန်းမာရေးအတွက်အစွမ်းထက်သော သီးနှံတစ်ခုဖြစ်သည့်အပြင် အလှအပရေးရာအတွက်လည်း အလွန်အသုံးဝင်သောအသီးတစ်မျိုးဖြစ်ပါသည်။ သံပရာသီးသည် လူခန္ဓာကိုယ်၏ ခေါင်းအစခြေအဆုံးအသုံးဝင်ပါသည်။ သံပရာသီးတွင် ဗီတာမင်ဓာတ်ကြွယ်ဝစွာပါသည့်အပြင် ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်များစွာပါဝင်ပါသည်။ သံပရာသီးကို အသားစိမ်းစားသုံးရာတွင် အသုံးပြုသည့်အပြင် အသုပ်သုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ အမောပြေစေရန်အတွက်လည်း သံပရာရည်ကိုသောက်သုံးလေ့ရှိကြပါသည်။ ထို့ပြင် သံပရာသီးကိုပါးပါးလှီးပြီး ရေ

11 May 2023

     မြန်မာနိုင်ငံတွင် သရက်သီးအမျိုးအစားပေါင်း များစွာရှိသည့်အနက် ပြည်မြို့၏ တစ်ဖက်ကမ်း ရွှေဘုံသာရွာ၊ မကျည်းစုရွာ အစရှိသည့် အနီးအနားရွာများမှသာ ထွက်ရှိသော သရက်သီးအမျိုးအစားမှာ ဘုတ်ထုံသရက်သီးဖြစ်ပါသည်။ ယခု၂၀၂၃ခုနှစ်၊ မေလဆန်းတွင် စတင်ထွက်သည့်အချိန်တွင် ဘုတ်ထုံသရက်သီးဈေးမှာ အလုံးချော (၁၀)လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး (၁၀)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ဘုတ်ထုံသရက်သီး၏ အရသာမှာ အချိုလေး၍ အနံ့မှာမွှေးပြီး ကြိုက်နှစ်သက်သူများအနေဖြင့် အခြားသရက်သီးများအာ

11 May 2023

    ပဲခူးတိုင်း၊ ပြည်မြို့သည် သရက်သီးဈေးကွက်တွင် တွင်ကျယ်စွာရောင်းဝယ်ဖောက်ကားသော မြို့တစ်မြို့ ဖြစ်ပါသည်။ သရက်သီးပေါ်ချိန်ဆိုလျှင် ပြည်ဈေးကွက်အတွင်းတွင် သရက်သီးအမျိုးအစား စုံလင်စွာရရှိပြီး သီးနှံအရည်အသွေးကောင်းသောကြောင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ ရောင်းချကြ ပါသည်။ ပြည်ဒေသထွက် မြကျောက်သရက်သီးသည် အရည်အသွေးကောင်းပြီး ပြည်မြို့သို့လာရောက် လည်ပတ်သူများက ပြည်မြို့ပြန် လက်ဆောင်အဖြစ်ဝယ်ယူကြသည့်အပြင် ဒေသခံပြည်သူတွေကလည်း ဒေသထွက်ပစ္စည်းအဖြစ်တန်ဖိုးထားပြီး လက်ဆောင်ပေးခြင်းတို့အတွက် အထ

Pages