Main menu

လှိုင်လှိုင်ပေါ်လာပြီဖြစ်တဲ့ ပြည်မြို့ထွက်မြကျောက်သရက်သီး

Powered by Drupal

    ပဲခူးတိုင်း၊ ပြည်မြို့သည် သရက်သီးဈေးကွက်တွင် တွင်ကျယ်စွာရောင်းဝယ်ဖောက်ကားသော မြို့တစ်မြို့ ဖြစ်ပါသည်။ သရက်သီးပေါ်ချိန်ဆိုလျှင် ပြည်ဈေးကွက်အတွင်းတွင် သရက်သီးအမျိုးအစား စုံလင်စွာရရှိပြီး သီးနှံအရည်အသွေးကောင်းသောကြောင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ ရောင်းချကြ ပါသည်။ ပြည်ဒေသထွက် မြကျောက်သရက်သီးသည် အရည်အသွေးကောင်းပြီး ပြည်မြို့သို့လာရောက် လည်ပတ်သူများက ပြည်မြို့ပြန် လက်ဆောင်အဖြစ်ဝယ်ယူကြသည့်အပြင် ဒေသခံပြည်သူတွေကလည်း ဒေသထွက်ပစ္စည်းအဖြစ်တန်ဖိုးထားပြီး လက်ဆောင်ပေးခြင်းတို့အတွက် အထူးဝယ်ယူကြပါသည်။ မြကျောက်သရက်သီးများမှာ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်၊ ဆင်တဲ၊ ရွှေဘုံသာရွာ၊ ရွှေတောင်မြို့နယ်ဘက်ရှိ ဥယျာဉ်များနှင့် ပြည်မြို့နယ်ရှိ ချောင်းနားတန်းရွာနှင့် လက်ခုပ်ပင်ရွာတို့ဘက်မှ အများဆုံးလာရောက်ရောင်းချကြပါသည်။ မြကျောက်သရက်သီးဈေးနှုန်းများမှာ ပေါ်ဦးပေါ်ဖျား အချိန်တွင် တစ်လုံးလျှင် (၁၅၀၀-၁၀၀၀-၇၀၀)ကျပ်ဖြင့် ရောင်းချကြပြီး ယခုသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်မှာတွင် တစ်လုံးလျှင် (၇၀၀-၆၀၀-၅၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းကာ စားသုံးမှုများလာသဖြင့် အရောင်းအဝယ်ပိုမို ကောင်းမွန်လာကြောင်း သိရပါသည်။

DOCA(ပဲခူး)