စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊မေလ ဒုတိယ ပတ်တွင် ဆက်လက်မြင့်တက်လျက်ရှိပြီး ကြက်သွန်နီ လက်လီအကြီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၁၇၀၀)ကျပ်၊ အသေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်အပတ်တွင် ကြက်သွန်နီ လက်လီ အကြီး တစ်ပိဿာလျှင် (၁၇၀၀) ကျပ်၊ အလတ်တစ်ပိဿာ (၁၅၀၀)ကျပ်၊ အသေးတစ်ပိဿာ (၁၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် (၃၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၂၀၀)ကျပ်၊ အသေး တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း ၊ကြက်သွန်နီ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်သွန်နီများ ဝင်ရောက်မှုနည်းပါးခြင်းနှင့် ကြက်သွန်နီလှောင်လက်များပြား၍ လက်ကျန်များ နည်းပါးလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း ရွှေဘိုမြို့စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီပွဲရုံများမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)