မြန်မာနိုင်ငံတွင် သရက်သီးအမျိုးအစားပေါင်း များစွာရှိသည့်အနက် ပြည်မြို့၏ တစ်ဖက်ကမ်း ရွှေဘုံသာရွာ၊ မကျည်းစုရွာ အစရှိသည့် အနီးအနားရွာများမှသာ ထွက်ရှိသော သရက်သီးအမျိုးအစားမှာ ဘုတ်ထုံသရက်သီးဖြစ်ပါသည်။ ယခု၂၀၂၃ခုနှစ်၊ မေလဆန်းတွင် စတင်ထွက်သည့်အချိန်တွင် ဘုတ်ထုံသရက်သီးဈေးမှာ အလုံးချော (၁၀)လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး (၁၀)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ဘုတ်ထုံသရက်သီး၏ အရသာမှာ အချိုလေး၍ အနံ့မှာမွှေးပြီး ကြိုက်နှစ်သက်သူများအနေဖြင့် အခြားသရက်သီးများအား ဘုတ်ထုံသရက်သီးလောက် မကြိုက်ဟု ဆိုရိုးစကားနှင့် နာမည်ရသရက်သီးဖြစ်ကြောင်းသိရသည်။ သရက်သီးပေါများစွာ ထွက်ရှိသော အချိန် ကာလတွင် ရန်ကုန်မြို့၊ ရခိုင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးသူများထံသို့ ကား၊ ရထားတို့ဖြင့် တင်ပို့ရောင်းချမှု ရှိသလို အချို့မှာ သရက်ပြင်ထိုး၍ ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)