Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Apr 2023

       တောင်ငူမြို့ အောင်မင်္ဂလာလမ်းရှိ နဂါးရေစင် ရေခဲဆိုင်တွင် ရေခဲ ပေါင်၇၀ တစ်တုံးလျှင် ယခင်က ၆၀၀၀ ကျပ်ဖြင့် ရောင်းချပေးရာ ယခုနွေရာသီတွင် ရေခဲ ရောင်းအားမြင့်တက်လာသောကြောင့် ရေခဲပေါင် ၇၀ တစ်တုံးလျှင် ၇၀၀၀ ကျပ်ခန့်ဖြင့်  ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပါသည်။

       အအေးဖျော်ရည်များတွင် အသုံးပြုသော ရေသန့်ရေခဲအား လက်လီ ၂၀၀၊ ၃၀၀ ကျပ်ဖိုး ဖြင့် ရောင်းချပေးပြီး ဆန် ၆ ပြည်ဝင်အိတ် ၁အိတ်လျှင် ၃၀၀၀ ကျပ်ခန့် ရောင်းချပေးလျက် ရှိပါသည်။

18 Apr 2023

      တောင်ငူမြို့ အရှေ့ကျုံးပတ်လမ်းရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး လက်လီဈေး ၂၅ ကျပ်သားလျှင် ၂၀၀၀ကျပ် ၊ ၁ပိဿာ ဈေး ၇၀၀၀ကျပ် ၊ စပျစ်သီး အလုံးသေး လက်လီဈေး ၂၅ ကျပ်သား ၂၀၀၀ကျပ် ၊ ၁ပိဿာဈေး ၇၀၀၀၊ စပျစ်သီး အကြီးအလုံးလှ ၂၅ကျပ်သားလျှင် ၂၅၀၀ကျပ် နှင့် ၁ပိဿာဈေး ၉၀၀၀ကျပ်၊ စတော်ဘယ်ရီသီး ၂၅ ကျပ်သား ၂၀၀၀ကျပ်၊ ၁ ပိဿာဈေး ၇၀၀၀ ကျပ် နှင့် အသင့်ထုပ်ပိုးထားသော ပလတ်စတစ် ၁ဗူးလျှင် ၈၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

18 Apr 2023

         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်လကုန်ပိုင်းက 92 RON တစ်လီတာလျှင် ၂၁၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၄၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၁၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၉၀ ကျပ် ရှိခဲ့ပါသည်။

         (၆.၄.၂၀၂၃) ရက်နေ့တွင် 92 RON တစ်လီတာလျှင် ၂၃၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၅၅ ကျပ် ရှိခဲ့ပါသည်။

18 Apr 2023

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥနီများ စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ် အကျိုးအမြတ်အား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

18 Apr 2023

     ပြည်ခရိုင်အတွင်း မြို့နယ်အားလုံး ဖူးစားပြောင်းစိုက်ပျိုးလျက်ရှိပြီး ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်မှ ဧကအများဆုံး စိုက်ပျိုးပါသည်။ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်မြို့နယ်တွင် စိုက်ဧက (၁၁၅၃) ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၉၉၅) ဧက၊ ပန်းတောင်းမြို့နယ်တွင်  (၈၇၂၃)ဧကနှင့် ရွှေတောင်မြို့နယ်တွင် (၆၈၈၉)ဧကဖြင့် စုစုပေါင်း (၁၇၇၆၀)ဧက စိုက်ပျိုးထားရှိပါသည်။ ဧက(၁၇၄၀၀)ကျော်ခန့် ရိတ်သိမ်းပြီး တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် (၂၄၇၈၀)ဖူးရှိ၍ (၄၃၁၁၇၂၀၀၀) ဖူးခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

Pages