Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Apr 2023

      တောင်ငူမြို့ မြို့မဈေးကြီးနှင့် ညောင်ပင်ဈေးများသို့ တောင်ငူမြို့နှင့်အနီးတဝိုက်မှ ဒေသထွက် ငှက်ပျောသီးများ ဝင်ရောက်လျက်ရှိပါသည်။ ယခုအချိန်ကာလသည် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာအရ အလှူပွဲများစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြရာ အလှူတွင် မပါမဖြစ်သော ဘုရားပွဲ၊ နတ်ပွဲများတွင် အဓိကပါဝင်သည့် ရခိုင်ငှက်ပျောသီးသည် ယခင်က တစ်ဖီးလျှင် ၃၀၀ ကျပ် မှ ၄၀၀ ကျပ်အထိသာရှိရာမှာ ယခုအခါတွင် တစ်ဖီးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိပေးရပြီး အလုံးလှ၍ အနာလွတ်လျှင် တစ်ဖီး ၁၀၀၀ ကျပ်အထိ ဈေးကောင်းရပါသည်။

18 Apr 2023

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ဧည့်မထဈေးနှုန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၅၄၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်အိတ်လျှင် ၅၇၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ပါသည်။

        မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးအနည်းငယ် ကျဆင်းပါသည်။

18 Apr 2023

     တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အုန်းသီးအရောင်းဆိုင်တွင် ကြွက်မြီးပါအုန်းသီး အလုံးချောအကြီး ၁လုံးလျှင် ၁၈၀၀ ကျပ်၊ အုန်းသီးအသေး ၁လုံးလျှင် ၁၅၀၀ ကျပ်နှင့် အခွံနွှာထားသော အုန်းသီး ၁လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချပါသည်။     

18 Apr 2023

      ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသထွက် ပဲမျိုးစုံများဖြစ်သော ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ စွန်တာနီ၊ ပဲဇီးကွက်၊ ပဲယင်း၊ ထောပတ်ပဲနှင့် အခြားပဲမျိုးစုံအရောင်းဝယ် ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ပထမပတ်တွင် ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင်  ကျပ်(၇၅၅၀၀)၊  ကုလားပဲဖြူလုံးကြီး (v2)တစ်တင်းလျှင် ကျပ်(၆၇၅၀၀-၆၇၆၀၀)၊  ကုလားပဲဝါလုံးကြီး(929) တစ်တင်းလျှင် ကျပ်(၆၇၆၀၀-၆၇၈၀၀)၊ စွန်တာနီကျွန်း တစ်တင်းလျှင် ကျပ်(၄၄၆၀၀-၄၃၈၀၀)၊ ပဲဇီးကွက် တစ်တင်းလျှင် ကျပ် (၄၀၈၀၀)၊ ထောပတ်ပဲဖြူက

18 Apr 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရံးမှ ပြည်နယ်ဦးစီးမှူးဦးသန်းဦးနှင့် ပြည်တွင်း၊ မူဝါဒဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ၉-၄-၂၀၂၃ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘား အံမြို့၊ အမှတ် ၇ ရပ်ကွက်ရှိ ရွှေကံထူး ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံသို့ ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ရပါသည်။

Pages