ကုန်သွယ်မှုသတင်းများ
ပခုက္ကူမြေပဲဈေးကွက်အနေဖြင့် ဧပြီလ(ပထမ)ပတ်အတွင်း မြေပဲဈေးများ မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် ကျွန်းမြေပဲများ ဝင်ရောက်လျက်ရှိပြီး ဈေးကွက် အနေဖြင့် ဝင်ရောက်မှုနည်းပါးကြောင်း သိရှိရသည်။ မြေပဲတောင့်(အစို)တစ်ပိဿာလျှင် ကျပ် (၂၁၀၀ မှ ၃၁၀၀ အထိ) ရှိပြီး မြေပဲတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၄၀၀၀ မှ ၄၁၀၀) ဈေးရှိ၍ မြေပဲဆံမှာ ဝင်ရောက်မှု နည်းပြီး ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း မြေပဲဆံ ပဲကြီးဆံ(ပြန့်) တစ်ပိဿာလျှင် ကျပ်(၆၄၀၀ မှ ၆၁၀၀ ထိ)ဈေးဖြင့် အ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံးစိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်းကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးထွက် သီးနှံများ အများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံအများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဆီထွက်သီးနှံထုတ်လုပ်မှုအကြီးမားဆုံး နိုင်ငံထဲတွင် တစ်နိုင်ငံဖြစ်ပါသည်။ ဆီထွက်သီးနှံစိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှံစားသီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးပြီးနောက် အများဆုံးစိုက်ပျိုးခြင်းဖြစ်သည်။ မြန်မာနိုင်ငံထွက် အများဆုံးစိုက်ပျိုးသော ဆီထွက်သီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ၊ မုံညင်းတို့ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး တို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။
ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့်ကြက်သွန်နီပွဲရုံများ အနေဖြင့်မတ်လ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်(အသစ်)များ တစ်ရက် လျှင် ပျမ်းမျှကြက်သွန်နီ ကုန်ချိန်ပိဿာ(၇)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်ပြီးအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။
