Main menu

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံအများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။

          ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ (၂၀၂၃)ခုနှစ်၊ ဧပြီလ(၁)ရက် မှ (၄)ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန် ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၆၀၀ မှ ၁၈၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင်ကျပ်(၁၂၀၀ မှ ၁၃၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၂၀၀ မှ ၂၄၀၀)၊ မျှစ်ပေါက် (၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ငရုတ်သီး (စိမ်း) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ငရုတ်သီး(ခြောက်) (၁)ပိဿာလျှင်ကျပ်(၁၇၀၀၀ မှ ၁၈၀၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင်ကျပ်(၇၀၀ မှ ၁၀၀၀)၊ မုန်လာဥဖြူ(၁)ဥလျှင် ကျပ်(၁၅၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀)၊  ပန်းမုန်လာ(၁) ပွင့်လျှင်ကျပ်(၅၀၀ မှ ၇၀၀)၊ ဂျင်းတက်(၁)ပိဿာလျှင် ကျပ်(၂၂၀၀)၊ ဂျင်းပေါက် (၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ကန်စွန်းဥ(၁)ပိဿာလျှင် ကျပ်(၁၃၀၀မှ ၁၅၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။

          ဆိပ်ဖြူမြို့ အသားငါးဈေးနှုန်းများမှာ မွေးမြူရေး CP ကြက်သား (၁)ပိဿာလျှင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀)၊ ဗမာကြက်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၉၀၀၀)  ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မကွေး)