Main menu

ပခုက္ကူမြို့မဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန် ဈေးနှုန်းများ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံးစိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်းကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးထွက် သီးနှံများ အများဆုံးဝင်ရောက်  ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ပခုက္ကူမြို့မဈေးကြီးအတွင်း၌ (၂၀၂၃)ခုနှစ်၊ ဧပြီလ(၁)ရက် မှ (၄)ရက်နေ့ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသော အခြေခံစားကုန် ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀) ၊ ခရမ်းသီး (၁)ပိဿာလျှင်ကျပ်(၁၀၀၀ မှ ၁၂၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၁၇၀၀ မှ ၂၂၀၀)၊ ငရုတ်သီး (စိမ်း) (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ငရုတ်သီးခြောက်(အရှည်) (၁)ပိဿာလျှင်ကျပ်(၁၅၀၀၀ မှ ၁၆၀၀၀)၊ ငရုတ်သီးခြောက်(အပု) (၁)ပိဿာလျှင်ကျပ်(၁၈၀၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၄၀၀ မှ ၁၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၇၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၀၀၀)၊ ဂေါ်ဖီ(၁)ထုပ်လျှင်ကျပ်(၁၂၀၀ မှ ၁၅၀၀)၊ ပဲတောင့်ရှည် (၁)ပိဿာလျှင် ကျပ်(၁၆၀၀ မှ ၁၈၀၀)၊ ပဲရာဇာ(ပဲနီလေး) (၁)ပြည်လျှင် ကျပ်(၈၅၀၀ မှ ၉၀၀၀)၊ ကန်စွန်းရွက်(၃)စည်းလျှင် ကျပ်(၂၀၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၀၀)၊ ဂျင်းတက်  /ပေါက်(၁)ပိဿာလျှင်ကျပ်(၂၄၀၀ မှ ၂၅၀၀)၊ မန်ကျည်းသီးမှည့်(အစေ့လွတ်) (၁)ပိဿာလျှင်ကျပ်(၃၅၀၀ မှ ၄၀၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် ကျပ်(၆၀၀၀ မှ ၇၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၅၆၀၀ မှ ၅၈၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀ မှ ၅၅၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။         

DOCA(မကွေး)