ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ကြက်သွန်နီများကိုစိုက်ပျိုးထားပါသည်။ စိုက်ပျိူးသောမျိူးမှာ (ရွှေဖလား)မျိူးကို စိုက်ပျိူးထားကြောင်းသိရပြီး စိုက်ပျိုးဧကမှာ (၁.၅၀)ဧကခန့်စိုက်ပျိူးထားကြောင်း သိရပါသည်။ ကြက်သွန်နီစိုက်ပျိူးရာတွင် အစေ့ကိုကြဲပက်၍ ပျိုးပင်ပေါက်ပြီး ဥထွက်လာလျှင် အမြီးကိုဖြတ်ကာ တစ်ပင်နှင့်တစ်ပင် လက်နှစ်လုံးခြားကာ စိုက်ပျိုးကြောင်း သိရပါသည်။ ကြက်သွန်နီကိုမြောင်းပေါင်ပြုလုပ်၍စိုက်ပျိူးရာ မြောင်းတစ်မြောင်းလျှင် အတောင

ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးများကိုစိုက်ပျိုးထားရှိပြီး ရုံးပတီသီးမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်၍ စိုက်ပျိုးသည့်ဧကမှာ (၀.၂၅)ဧကစိုက်ပျိုးကြောင်း၊ ရုံးပတီသီးကို နတ်တော်လတွင်စတင်စိုက်ပျိုးပြီး တပေါင်းလတွင် အသီးများစတင်ခူးဆွတ်ရပါကြောင်း၊ ရုံးပတီပင်ကိုစိုက်ပျိုးရာတွင် သင့်တင့်သောမြေတွင် ဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက မြေဩဇာများကျွေးပေးရန်လိုအပ်ပါကြောင်း၊ ရုံးပတီပင်သည် ပူနွေးသောရာသီဥတုကိုကြိုက်နှစ်သက်၍ အေးသောရာသီဥတုကိုကြိ

ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူ(၈)ဦးရှိပြီး ကျောက်ဖရုံသီးများကို စီးပွားဖြစ်စိုက်ပျိုးထားကြောင်း၊ ကျောက်ဖရုံသီးစိုက်ပျိုးရာတွင် အဓိကကုန်ကျစရိတ်မှာ ဖရုံစင်ဖြစ်ပြီး ဖရုံစင်ဆောက်လုပ်ကုန်ကျစရိတ်မှာ (၁)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့ဖိုးနှင့် သွင်းအားစုများပေါင်းလျှင် ကျောက်ဖရုံစင်တစ်စင်လျှင် (၁၆၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး ၎င်းစင်မှာ (၃)နှစ်အသုံးပြုရကြောင်း၊ ကျောက်ဖရုံသီးပေါ်ချိန်တွင် တစ်လလျှင် (၄)ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်လျှင် အနည်းဆုံး အ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ယခုနှစ်၌ သံပရာစိုက်တောင်သူများမှာ ဈေးကောင်းရလျက်ရှိပါသည်။ ဇီးကုန်းမြို့နယ်တွင် သံပရာသီးသီးနှံအား နေရာအနှံ့စိုက်ပျိုးကြပြီး မယင်းအုပ်စု၊ မယင်းကျေးရွာတွင် ဧက (၅၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးလျက်ရှိပါသည် ။ လွန်ခဲ့သော နှစ်ပေါင်း (၄၀၀) ခန့်မှစတင်ကာ စီးပွားဖြစ်စိုက်ပျိုးနေသောခြံစိုက်တောင်သူများဖြစ်ပြီး ဝက်ကော်ချောင်းအား အမှီပြု၍ သံပရာခြံလုပ်ငန်း၊ မိရိုးဖလာခမောက်ချုပ်လုပ်ငန်း၊ ဒေသတွင်း ကိုယ်ပိုင်လုပ်ငန်းများဖြင့် မ

မန်ကျည်းသီးမှည့်သည် မြန်မာဟင်းလျာများချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပြီး “တေဆေး”ဟုခေါ်သော ဝမ်းနုတ်ဆေးတွင် မန်ကျည်းမှည့်ကို ထန်းလျက်၊ ပွေးကိုင်းအပြင် အခြားဆေးများနှင့်ရော၍ ဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်၊၊ ပူအိုက်သောရာသီတွင် မန်ကျည်းမှည့်နှင့်ထန်းလျက်ကို ရေစိမ်၍ မကျည်းဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးကြပြီး ဆေးပေါ့လိပ်လုပ်ငန်းတွင် ဆေးလိပ်လိပ်ကြရာ၌ မန်ကျည်းမှည့်ရည်ပက်ဖြန်းထားသော ဆေးရိုးများကို အသုံးပြုကြခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်ဝယ်လိုအားရှိခြင်းကြောင့်လည်းကောင်း နေ့စဉ
