ကုန်သွယ်မှုသတင်းများ
၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထအပတ်) တွင် မကွေးစျေးကွက်၌ စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီစျေးနှုန်းမှာ မတ်လ (တတိယအပတ်) တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၀၀၀-၁၁၀၀-၁၂၀၀)ဖြစ်ပြီး စတုတ္ထအပတ်တွင်လည်း ကျပ်(၁၀၀၀-၁၁၀၀-၁၂၀၀)ဖြစ်၍ စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ကြက်သွန်နီကို ရေနံချောင်း၊ ဆိပ်ဖြူမြို့တို့အပြင် မကွေးမြို့နယ်၊ ယင်းချောင်းအနီးရှိကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် တစ်နေ့လျှင် ပိဿာ(၁၆၅၀၀)ခန့်ရောင်းချရပြီး တစ်ပတ်လျှင် တန်

၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထအပတ်) တွင် မကွေးကုန်စည်ဒိုင်ရှိ နှမ်းမျိုးစုံအနေဖြင့် နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၀၅၀၀၀)၊ နှမ်းနီ(၁၅)ပိဿာ (၁)တင်းလျှင် ကျပ်(၉၁၆၇၀)တို့ဖြင့် စျေးနှုန်းမြင့်တက်လာပြီး နှမ်းနက်စမုံ (၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ နှမ်းညိုကြား(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၈၅၀၀၀)တို့ဖြင့် စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချနေသော သစ်သီးဝလံများမှာ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေး၊ တောင်ကြီး၊ သီပေါဒေသတို့မှ အသီးသီးဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်းသီး၊ ချင်းတက်၊ နနွင်းတက်၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူများမှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှဝင်ရောက်လျက်ရှိပြီး သံပရာသီး၊ သံပယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု)မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။

စားဖိုဆောင်ဟင်းသီးဟင်းရွက်ဖြစ်သော ဂေါ်ရခါးသီး(ဆူကာသီး)နှင့် ဂေါ်ရခါးညွှန့်(ဆူကာညွှန့်)တို့သည် ဒေသတွင်း အနည်းငယ်သာထွက်ရှိသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ အောင်ပန်းတို့မှ မှာယူရောင်းချလျက်ရှိပါကြောင်း၊ ယခု ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆူကာသီးဈေးနှုန်းမှာ (၁) လုံးလျှင် (၂၅၀) ကျပ် ( ၁၀၀၀ )ဖိုး (၄) လုံးနှင့် ဆူကာညွန့် (၁) စီးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။