ကုန်သွယ်မှုသတင်းများ
၂၀၂၂ ခုနှစ် မတ်လအတွင်း ကယားပြည်နယ်သို့ အခြားဒေသများမှ ကုန်စည်များဝင်ရောက်ပြီး ပုံမှန်လည် ပတ်ရောင်းဝယ်လျက်ရှိနေပြီး၊ အခြားမြို့များမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ( ၃၃၁၈)အိတ်၊ ကုန်မျိုးစုံတင်သွင်းမှုမှာ ကားအစီးရေ ( ၅၈ )စီး ၊ အချိုရည်(၁၄၀၀)ဂျပ်ဖာနှင့်(၈၂၅၀)ကဒ်၊ကြက်ဥ (၁၇၀)ဖာ နှင့်(၁၉၀)ကဒ် ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်နယ်တွင်းမှအခြားမြို့များသို့ ကုန်စည်များ တင်ပို့မှုများမှာ လွိုင်ကော်မြို့မှ ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ သာစည်၊ ဆိုက်ခေါင် စသောမြို့များသို့
ခရမ်းချဉ်သီးဟာ ဗိုက်တာမင်-စီ ဓါတ်ပြည့်ဝပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အိမ်ရှင်မများ၏ စားဖိုဆောင်ဟင်းလျာအတွက် လက်မလွတ်တမ်း စားသုံးကြတဲ့အပြင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ ခရမ်းချဉ်သီးယို၊ ဟင်းချက်အနှစ်စတဲ့ပုံစံအမျိုးမျိုးနဲ့ မရှိမဖြစ် စားသုံးတဲ့အဓိကသီးနှံဖြစ်ပြီး စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်အောင် စိုက်ပျိုးသင့်တဲ့ အသီးအနှံဖြစ်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေးပွဲရုံတန်း (ပ/၂၃၈)၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းရုံးခန်းဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကိုပါ တစ်ပါတည်းကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နေပြည်တော် ကောင်စီမှ သက်ဆိုင်ရာဌာနများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်င
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၉.၃.၂၀၂၂) ရက်နေ့တွင် စတိုးဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း(ယာယီ) အတွင်းရေးမှူး ဦးညီညီအောင်နှင့်အတူ (၂၈.၃.၂၀၂၂)ရက်နေ့၊ နေ့လည်(၂:၀၀) နာရီတွင်မြောင်းမြမြို့ (၅)လမ်းနှင့် မြို့မဈေးအတွင်းရှိ အောင်ဇဗ္ဗူဆီဆိုင်တို့တွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချနေမှုကို သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။