ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်တွင် မတ်လ ဒုတိယပတ်တွင် နှမ်းနီနှင့်စမုံနက်နှမ်းဈေးအနည်းငယ်ကျလာပြီး နှမ်းနက်ဈေးမှာ ယခင်အပတ်ကအတိုင်းဈေးငြိမ်နေပါသည်။ ယခုအချိန်တွင် နှမ်းနက်နှင့်စမုံနက်နှမ်းများမှာ ဝယ်လိုအားနည်းပြီး ဆီစက်သမားများက နှမ်းဆီကြိတ်ရန် နှမ်းနီကို အနည်းငယ်သာဝယ်ယူမှုရှိသဖြင့် ယခုအပတ်တွင် ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ နှမ်းကို ပြည်ပသို့တင်ပို့ရန်သာအသုံးရှိပြီး နှမ်းဆီကို စားသုံးမှုနည်းသဖြင့် ဆီစက်များကလည်း မြေပဲဆီကို ဦးစား ပေး၍ ကြိတ်ခွဲကြပါသည်။ နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း အရသာမှာ ခါးသက

မြေပဲစိုက်တောင်သူများသည် ယခု(၂၀၂၃)ခုနှစ်တွင် မြေပဲစိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းမှု များပြားခြင်းနှင့် စိုက်ပျိုးစရိတ်မြင့်မားခြင်းတို့ကြောင့် အလွယ်တကူစိုက်ပျိုနိုင်းပြီး ကုန်ကျစရိတ်သက်သာသော ပဲဇီးကွက်၊ ပဲထောပတ်၊ ပဲနီလေးနှင့် အခြားပဲများကို အစားထိုးစိုက်ကြ၍ ဆောင်းသီးနှံမြေပဲပေါ်ချိန်တွင် ထွက်ရှိမှုနည်းပါးကြောင်း၊ ပခုက္ကူမြေပဲဈေးကွက်တွင် ကုန်ဝင်နည်းသွားခြင်းကြောင့် မြို့ပေါ်ရှိလုပ်ငန်းရှင်များမှ ယခင်ဝယ်ယူသိုလှောင်ထားရှိသော မြေပဲများကို ကြိတ်ခွဲကာ ပြည်တွင်း၌သာ ထုတ်လုပ်ရောင

တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆောင်းမြေပဲစိုက်ဧက ၁၇၃၇ဧကစိုက်ပျိုးပြီး ၉၆၃ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။ စစ်တောင်းမြစ်ကမ်းတစ်လျှောက်နုံးတင်မြေနုတွင် စိုက်ပျိုးကြရာ မြေပဲ ၁ဧကလျှင်အထွက်နှုန်း ၆၉.၇၅ပိဿာထွက်ရှိပါသည်။

တောင်ငူမြို့ရှိ ဆန်ပွဲရုံများတွင် ရွှေဘိုပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၈၂၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၇၈၀၀၀ကျပ်၊ ဒေသပေါ်ဆန်း(အသစ်)တစ်အိတ်လျှင် ၇၂၀၀၀ကျပ်နှင့် ဧည့်မထဆန်သစ်(ထိပ်စ)တစ်အိတ်လျှင် ၅၇၀၀၀ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးမျိုးစုံရောင်းချလျက်ရှိပါသည်။ စပျစ်ချွန်သီးများမှာ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်ထိဈေးရှိပြီး အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းမှာ အနည်းငယ်အပြောင်းအလဲရှိပါသည်။ ယိုးဒယားစပျစ်ဝိုင်းသီးများ မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်ထိဈေးရှိပါသည်။ စပျစ်အစိမ်းသီးနှင့် အညိုသီးများမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်ထိဈေးနှုန်းအသီးသီးရှိပါသည်။ စပျစ်သီးအရောင်းအဝယ်မှာ ပုံမှန်အတိုင်းရောင်းချရလျက်ရှိကြောင်း သစ်သီးဆိုင်များ
