Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Feb 2023

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီး တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်ထိ၊ ဆားတောင်ဒေသမှ ဇီးချိုသီး တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ဒေသတွင်းမှ ဇီးသီး တစ်ပြည်လျှင် (၁

28 Feb 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၂၀.၂.၂၀၂၃)ရက်နေ့တွင် ရွှေဘိုမြို၊ စက်မှုဇုန်ရှိ ငွေကြယ်ဆီစက်လုပ်ငန်းရှင်နှင့် အေးရွှေစင်ဆီစက် လုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

28 Feb 2023

      ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေ၊ ကံမနယ်များသည် ဆီးသီးအစို/အခြောက် အများဆုံးထွက်ရှိသောနယ်များဖြစ်ပြီး ပခုက္ကူမြို့ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ယခုဖေဖေါ်ဝါရီလ၊ ယခုအချိန်တွင် ဆီးသီးအစိုတစ်တင်းလျှင်း ကျပ်(၇၀၀ဝ)၊ ဆီးသီးအခြောက်တစ်တင်းလျှင်း ကျပ်(၁၂၀၀ဝ)၊ ဆီးဆ တစ်ပိဿာလျှင် ကျပ်(၅၀၀၀ဝ)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

28 Feb 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

28 Feb 2023

        စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ် ) (တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်) (တစ်အိတ်)လျှင် ၆၀၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၄၅၀၀၀ ကျပ်၊ ပဲဆီ (တစ်ပိဿာ)လျှင် ၁၁၉၅၀-၁၂၀၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ (တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင်၇၀၅၀-၇၁၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၅၀၀ မှ ၁၈၀၀

Pages