ကုန်သွယ်မှုသတင်းများ
ဖေဖော်ဝါရီလ တတိယပတ်တွင် မင်းဘူးမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသောကြက်သွန်နီ(သစ်)ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၃၀၀)ဖြစ်ပြီး စတုတ္ထပတ်တွင် ကျပ်(၁၂၀၀)ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျလာပါကြောင်း၊ ကြက်သွန်နီများကို မဲဇလီ(ပွင့်ဖြူ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့၊ ပင်းချောင်း (ရေနံချောင်း) မြို့နယ်များမှ ဝယ်ယူရောင်းချလျက်ရှိပါကြောင်းနှင့် စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်ဖြူ(ကြူကုတ်) ၁ ပိဿာလျှင် ကျပ်(၄၂၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ် (၆၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀_0.jpg?itok=2m2n02lC)
ဖေဖော်ဝါရီလတတိယပတ်အတွင်း မိတ္ထီလာဈေးကွက်မှ မြဝတီသို့ ကြက်သွန်နီတင်ပို့ခြင်းကြောင့် ယခင်တစ်ပတ်ဈေးမြင့်လာပါသည်။ ယခုတစ်ပတ်အတွင်း မိတ္ထီလာမှရန်ကုန်သို့ တစ်ရက်(၁၂) ဘီးကား (၁)စီးဖြင့် အခြားကုန်များရောက်၍ ကား(၁)စီးလျှင် ပိဿာ(၅၀၀၀)ခန့် ၊ ပဲခူးသို့ (၆)ဘီး ကားဖြင့်တစ်ရက်လျှင် (၂) စီးခန့်ကို အခြားကုန်များနှင့်ရော၍ ကား(၁) စီးလျှင် (၃၀၀၀)ဝန်းကျင်ဖြင့် ပုံမှန်တင်ပို့ပါသည်။ ယခင်တစ်ပတ်က မြဝတီဝယ်လက်မှ အဝယ်ရှိခဲ့သော်လည်း ယခုတစ်ပတ်အတွင်း(၁၂) ဘီးကား၊ တွဲကားတို့ဖြင့် တစ်ပတ်အတွင်း (၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်းနှင့် ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သရက်သီးစိမ်း(ခေါ်) သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ်စားသုံးသောကြောင့် သရက်ကင်းဈေးကောင်းရရှိကာ ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက် လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/oil_9.jpg?itok=6N5ud7Hh)