Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Feb 2023

       တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

27 Feb 2023

       တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

26 Feb 2023

  တောင်ငူခရိုင်အနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးခြင်းကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။  နေကြာသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း၊ အထွက်နှုန်း ကောင်းခြင်းနှင့် ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် အထောက်အကူပြုနိုင်သည့် ဆီထွက်သီးနှံဖြစ်ပါသည်။

26 Feb 2023

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထီးလှိုင်တွင် စီးပွားဖြစ်မှိုစိုက်ပျိုးရေးမှာ အချိန်တိုအတွင်း ဝင်ငွေရရှိနေသော အောင်မြင်သည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ မှိုစိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်ဝင်းပပခိုင်သည် မိမိတွင် ရှိရင်းစွဲဖြစ်သော မြေခံ၊ ရေခံနှင့် ခြံအကျယ်အဝန်းရှိနေမှုကို အကျိုးရှိစွာအသုံးပြုထားသည်ကို တွေ့ရှိရပါသည်။

26 Feb 2023

          ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာတွင် အိုးလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အပိုဝင်ငွေရရှိစေရန်အတွက် ဖျင်းအိုး၊ သောက်ရေအိုး၊ အင်ဒုံ၊ စုဘူး၊ ဘုရားပန်းအိုး၊ ငါးပိရေကျိုအိုးနှင့် ကစားစရာပစ္စည်းများ စသည်ဖြင့် တစ်နိုင်တစ်ပိုင်ပြုလုပ်ကြပါသည်။ အိုးပြုလုပ်ရာတွင် ရွှံ့စေးမြေကို အသုံးပြုရပါသည်။ ရွှံ့စေးမြေကို ဖြူးချောင်းမှ လှည်းဖြင့်လည်းကောင်း၊ ထော်လာဂျီထွေလာဖြင့်လည်းကောင်း သယ်ယူရပါသည်။ အိုးဖုတ်ရာတွင် စပါးခွံ၊ ကောက်ရိုးနှင့်ထင်းများကို အသုံးပြု

Pages