Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Feb 2023

     ၂၃ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

23 Feb 2023

  ဧရာဝတီတိုင်းဒေသကြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသော မူဝါဒနှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ် မှုဖွံ့ဖြိုးတိုးတက်၍ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ကာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေစပါးသီးနှံဧက (၄၀၆၀၀၀) ဧက၊ ကျပ်ငွေ (၂)သိန်းနှင့် ညီမျှသော ယူရီးယားဓါတ်မြေဩဇာ(၂)အိတ်အားလည်းကောင်း

23 Feb 2023

    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဒေသဆန်ဈေးနှုန်းများမှာ တရုတ်မွှေးဆန် တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၆၀၀၀၀)ကျပ်၊ ပုလဲသွယ်ဆန် တစ်ပြည်လျှင် (၂၈၀၀)ကျပ်နှင့် (၂၄)ပြည်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ရွှေအဆန် တစ် ပြည်လျှင်(၂၈၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ထိုင်းမွှေးဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှင့် (၂၄)ပြည် တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်တို့ဖြင့်လည်းကောင်း ဈေးနှုန်းများမှာ တည်ငြိမ်နေသော်လည်း အရောင်းအဝယ်မှာပုံမှန်လည်ပတ်လျက်ရှိကြောင

23 Feb 2023

     ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သောစီးပွားရေးလုပ်ငန်းများသာမက ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကို ကိုယ်ပိုင်ပန်းတိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချသည့်အပြင် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များအား မှာယူရောင်းချလျက်ရှိပါသည်။

23 Feb 2023

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မကျီးတော၊ မြစ်ကိုင်း၊ ညောင်ပင်သာ၊ ဆင်တဲ၊ ဘော်၊ အင်းလယ်၊ မိုးနတ်ကုန်း၊ တဇီးကောက်စသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဖေဖော်ဝါရီလ(တတိယ)ပတ်တွင် ပဲကြီးနှင့် ကုလားပဲများ စတင်ထွက်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။

Pages