ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ ကျီးပင်၊ ကန်ဦး စသည့်ကျေးရွာများမှ မတ်ပဲများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဖေဖော်ဝါရီလ ပထမအပတ်တွင် မတ်ပဲစျေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်းနှင့် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၂၆၇၅)ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ(ပထမ)ပတ်တွင် မတ်ပဲ(၁)ပိဿာလျှင် ကျပ်(၃၀၀၀)အထိ စျေးနှုန်းပြန်လည်မြင့်တက်လာခဲ့ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/243.jpg?itok=A75ZJKAp)
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖေါ်ဝါရီလ( ၈ )ရက်နေ့မှ ဖေဖေါ်ဝါရီလ( ၁၄ )ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြစ်သားမှ ပဲမြစ် အလုံးကြီးတစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် ၁၅၀၀၊ ပဲခူး (ဘုရားကြီး) မှ စိမ်းစားဥအလုံးကြီး ၁ တွဲလျှင် ကျပ် ၇၀၀၊ အလုံးလတ် ၁ တွဲလျှင် ကျပ် ၆၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် ၁၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၈၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ကျပ် ၇
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ(၈)ရက်နေ့မှ ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းခ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ၂၆-၁-၂၀၂၃ ရက်နေ့မှ ၁-၂-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ) (၃၄၁၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၂၀၀) ပိဿာတို့ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၂၄၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ ပိဿာလ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဈေး ၊ ကျောင်း / တက္ကသိုလ်/ ရပ်ကွက်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည့်အပြင် “ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်”ဆိုသည့် ဌာန၏ ရည်မှန်းချက်တာဝန်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါ သည်။