ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ (၂၁.၂.၂၀၂၃)ရက်နေ့တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် (၁၀၈,၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၇၃,၀၀၀)ကျပ်၊ ရှမ်းဆန်တစ်အိတ်လျှင် (၇၀,၀၀၀)ကျပ်ရှိပြီး စားသုံး ဆီဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်၊ စားသုံးဆီ(ရိုးရိုး)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ရှိပြီး ကုန်စိ
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ( ၂၁ ) ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးဝါးများကိုစျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်ကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့်အရည်အသွေးနိမ့်ဆေးဝါ
မိတ္ထီလာခရိုင်အတွင်း ဖေဖော်ဝါရီလ တတိယအပတ်၌ ဝါထွက်ရှိမှု မရှိသလောက်နည်းလာသဖြင့် ဂွမ်းစျေးများမြင့်တက်လာပါသည်။ ဝါသီးနှံကိုခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း စသည့်မြို့နယ်အားလုံးတွင် စိုက်ပျိုးကာ မလှိုင်မြို့နယ်တွင် အများဆုံးစိုက်ပျိုးပါသည်။ ဝါသီးနှံကိုအောက်တိုဘာလမှ စတင်ကောက်သိမ်းရာ စတင်ကောက်သိမ်းချိန်မှ သီးနှံလှိုင်ချိန်အထိ ကောက်သိမ်းလုပ်သားခကို တစ်ပိဿာအပေါ် ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၃၀၀ ကျပ်ပေးချေရပါသည်။ ဖေဖော်ဝါရီလအတွင်း ဝါသီးနှံကုန်ဆုံးလုနီးပြီး၊ ဝ
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာနှင့် သီဟိုဠ်များကို အဓိကထား စိုက်ပျိုးလျက်ရှိရာ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၂၀.၂၁)ပေါင်နှင့် တစ်နှစ်စာပျှမ်းမျှ အထွက်နှုန်းမှာ (၄၇၈၃၄) မက်ထရစ်တန် ရှိပါသည်။
ကျောက်မဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနက ကျောက်မဲမြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များသို့သွားရောက်၍ ဆန်ပေါက်ဈေးနှုန်းများအား (၂၀.၂.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်း မေးမြန်းခဲ့ပါသည်။