ကုန်သွယ်မှုသတင်းများ
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
ကျောက်မဲခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် ပိုးသတ်ဆေးနှင့်ဓါတ်မြေဩဇာ ဈေးနှုန်းများအား မေးမြန်းစုံစမ်းလျက်ရှိရာ ကျောက်မဲမြို့နယ်နှင့်နောင်ချိုမြို့နယ်တို့တွင် ရောင်းချလျက်ရှိသည့်ပိုးသတ်ဆေးအမှတ်တံဆိပ်များဖြစ်သည့် ဂလိုက်ဖောက် (၁)လီတာလျှင် (၁၉၀၀၀)ကျပ်၊ အာမိုဂွတ်(၁)လီတာလျှင် (၁၆၅၀၀)ကျပ်၊ ၊ ပရိုင်မာ(၁)လီတာလျှင် (၁၇၅၀၀)ကျပ်၊ ၊ အာမို ဇီးနစ်(၁)လီတာလျှင် (၁၆၅၀၀)ကျပ်၊ ၊ အာလန်း(၁)လီတာလျှင် (၁၀၀၀၀)ကျပ်၊ ဟာမိုနီ (၁)လီတာလျှင် (၂၀၀၀၀)ကျပ် ၊ အီမတ်ခ် ပိုးသတ်ဆေး(၁)လီတာလျှင် (၁၀၀၀၀)ကျပ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ၊မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၂၁.၂.၂၀၂၃) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့၊ မဲဇလီကျေးရွာရှိ နေလဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEလုပ်ငန်းဖွံ့ဖြိုးရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီလ တတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၁၇၄၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၃၃၄၀၊ တန်အားဖြင့် ၆၁၆၇တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတို
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/rice paddy_2.jpg?itok=uW69YlAX)
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။