Main menu

“ ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာဈေးနှုန်းများ”

Powered by Drupal

   ကျောက်မဲခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ် ပိုးသတ်ဆေးနှင့်ဓါတ်မြေဩဇာ ဈေးနှုန်းများအား မေးမြန်းစုံစမ်းလျက်ရှိရာ ကျောက်မဲမြို့နယ်နှင့်နောင်ချိုမြို့နယ်တို့တွင် ရောင်းချလျက်ရှိသည့်ပိုးသတ်ဆေးအမှတ်တံဆိပ်များဖြစ်သည့် ဂလိုက်ဖောက် (၁)လီတာလျှင် (၁၉၀၀၀)ကျပ်၊ အာမိုဂွတ်(၁)လီတာလျှင် (၁၆၅၀၀)ကျပ်၊ ၊ ပရိုင်မာ(၁)လီတာလျှင် (၁၇၅၀၀)ကျပ်၊ ၊ အာမို ဇီးနစ်(၁)လီတာလျှင် (၁၆၅၀၀)ကျပ်၊ ၊ အာလန်း(၁)လီတာလျှင် (၁၀၀၀၀)ကျပ်၊ ဟာမိုနီ (၁)လီတာလျှင် (၂၀၀၀၀)ကျပ် ၊ အီမတ်ခ် ပိုးသတ်ဆေး(၁)လီတာလျှင် (၁၀၀၀၀)ကျပ် များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး သီပေါမြို့တွင် ရောင်းချသည့် ဇိုးတလုံး(၁)လီတာလျှင် (၇၀၀၀)ကျပ် ၊ဝိစာရ(၁)လီတာလျှင် (၈၅၀၀)ကျပ် ၊ ငှက်ကြီးတောင်(၁)လီတာလျှင် (၂၈၀၀၀)ကျပ် ၊ အလန်း(၁)လီတာလျှင် (၂၀၀၀၀)ကျပ်တို့မှာ ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

    အလားတူ ဓါတ်မြေဩဇာဈေးနှုန်းများမှာလည်း ကျောက်မဲမြို့နှင့် နောင်ချိုမြို့ရှိ ရောင်းချဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သီပေါမြို့တွင်ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ရောင်းချလျက်ရှိသည့်တံဆိပ်များမှာ ကျောက်မဲမြို့တွင် စီပီ(၂၀-၁၀-၅)50 kg တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊MC(၁၆:၈:၈) 50 kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ် ၊ ၁၅ပတ်လည်50 kg တစ်အိတ်လျှင် (၁၅၃၀၀၀)ကျပ် ၊ နောင်ချို မြို့တွင် ကောမက်စ်50 kg တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ် ၊ မြေဝိဇ္ဇာ(၂၀-၁၀-၅) 50 kg တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ် နှင့် သီပေါမြို့တွင် ပုလဲရွှေတောင်50 kg တစ်အိတ်လျှင် (၈၃၀၀၀)ကျပ် ၊ ဇာမဏီ(၁၃:၅:၇) 50 kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ် ၊ ရွှေတိုး (၁၇:၈:၈) 50 kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ် ၊သံကွင်း ဝိဇာရ(၁၇:၈:၈) 50 kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ် တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)